ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ရာတွင် လိုင်စင်မဲ့ဆေးခန်းအချို့မှ တရားမဝင်ထုတ်ပေးနေသည့် ကျန်းမာရေးထောက်ခံစာအတုများကို အသုံးမပြုကြရန် ထိုင်းအစိုးရဒုတိယပြောရေးဆိုခွင့်ရှိသူ Patdarasm Thongsaluaykorn က အလုပ်ရှင်များအား သတိပေးလိုက်ပြီး၊ ဥပဒေချိုးဖောက်ပါက ပြတ်သားစွာအရေးယူသွားမည်ဟု ပြောကြားခဲ့သည်။ ဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားများသည် သတ်မှတ်ထားသည့် အစိုးရဆေးရုံများ သို့မဟုတ် အွန်လိုင်းစိစစ်ရေးစနစ်နှင့် ချိတ်ဆက်ထားသော ခွင့်ပြုချက်ရ ပုဂ္ဂလိကဆေးဘက်ဆိုင်ရာစင်တာ ၆၃ ခုတွင်သာ ကျန်းမာရေးစစ်ဆေးမှုခံယူရမည်ဖြစ်ရာ၊ အလုပ်ရှင်များအနေဖြင့် ခွင့်ပြုချက်ရစင်တာစာရင်းကို သက်ဆိုင်ရာအလုပ်အကိုင်ရှာဖွေရေးရုံးများတွင် စစ်ဆေးနိုင်ကြောင်းနှင့် လက်ရှိတွင် အာဏာပိုင်များက ထောက်ခံစာအတုများကို ပစ်မှတ်ထားကာ တိုင်ကြားစာလက်ခံရေးစင်တာဖွင့်လှစ်၍ စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရသည်။
ရွှေ့ပြောင်းအလုပ်သမားမှတ်ပုံတင်ရာတွင် ကျန်းမာရေးထောက်ခံစာအတုအသုံးပြုပါက ဥပဒေအရပြတ်သားစွာအရေးယူမည်ဟု ထိုင်းအစိုးရသတိပေး
May 25 • 9:00 AM
Thailand
Local News
Share
| 22 | 0 | 0 | 0 |


