ပုသိမ်မြို့ပေါ်ကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး ပထမနေ့အဖြစ် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ စတင်လာရောက်ကျောင်းအပ်နှံ

May 25 • 8:46 AM

breaking-news

Myanmar

Ayeyarwady

cover

ပုသိမ်မြို့ပေါ်ကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး ပထမနေ့အဖြစ် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ စတင်လာရောက်ကျောင်းအပ်နှံ

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်၏ ပထမဆုံးနေ့ဖြစ်သည့် ယနေ့ (မေလ ၂၅ ရက်) တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ ...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်၏ ပထမဆုံးနေ့ဖြစ်သည့် ယနေ့ (မေလ ၂၅ ရက်) တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ အားတက်သရော လာရောက်ကျောင်းအပ်နှံလျက်ရှိကြသည့် မြင်ကွင်းများကို တွေ့ရှိရသည်။ သက်ဆိုင်ရာ ကျောင်းများအလိုက် ဆရာ၊ ဆရာမများက ကျောင်းအပ်နှံမှုလုပ်ငန်းစဉ်များကို စနစ်တကျ လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသားမိဘများကလည်း မိမိတို့၏ သားသမီးများကို ပညာသင်နှစ်သစ်တွင် အချိန်မီကျောင်းတက်ရောက်နိုင်ရေးအတွက် ပထမဆုံးနေ့တွင်ပင် လာရောက်အပ်နှံကြခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

9