back

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်၊ ချောင်းဦး၊ ဒီပဲယင်းနှင့် ယင်းမာပင်ခရိုင်တို့တွင် မိုးသီးနှံများစိုက်ပျိုးသွားမည်

May 25 • 8:16 AM

breaking-news

Myanmar

Sagaing

cover

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်၊ ချောင်းဦး၊ ဒီပဲယင်းနှင့် ယင်းမာပင်ခရိုင်တို့တွင် မိုးသီးနှံများစိုက်ပျိုးသွားမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ချောင်းဦးမြို့နယ်၊ ဒီပဲယင်းမြို့နယ်နှင့် ယင်းမာပင်ခရိုင်များတွင် ဟင်းသီးဟင်းရွက်၊ မြေပဲ၊ ပြောင်းနှင့် ပဲတီစိမ်းများကို စ...

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ချောင်းဦးမြို့နယ်၊ ဒီပဲယင်းမြို့နယ်နှင့် ယင်းမာပင်ခရိုင်များတွင် ဟင်းသီးဟင်းရွက်၊ မြေပဲ၊ ပြောင်းနှင့် ပဲတီစိမ်းများကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။ဘုတလင်မြို့နယ်တွင် လာမည့်ဇွန်လပထမပါတ်မှ စတင်၍ ပဲတီစိမ်းဧက (၁၁,၀၀၀) ကျော် စိုက်ပျိုးသွားမည်ဖြစ်ပြီး ချောင်းဦးမြို့နယ်တွင် ပြောင်းသီးနှံ ဧက (၁၃၀၀) ကျော်၊ ဒီပဲယင်းမြို့နယ်တွင် ဟင်းသီးဟင်းရွက် ဧက (၁၉၀၀) ကျော်နှင့် ယင်းမာပင်ခရိုင်တွင် မြေပဲဧက (၃၃,၀၀၀) ကျော်ကို မိုးသီးနှံအဖြစ် စိုက်ပျိုးသွားကြမည်ဖြစ်ကြောင်း သိရသည်။"ဘုတလင်မှာ ပဲတီစိမ်းကို အထွက်တိုးအောင်ဧက အခုထက်ပိုစိုက်ကြရမှာပါ။ ပဲတီစိမ်းက ဈေးကောင်းရတဲ့အတွက် စိုက်တဲ့တောင်သူတွေ စိတ်ဝင်စားကြပါတယ်" ဟု ဘုတလင်မြို့နယ်တောင်သူ ဦးမှတ်က ပြောသည်။

news-view-count-icon

27