back

တောင်ကိုရီးယားရေငုပ်သင်္ဘော ကနေဒါသို့ ရောက်ရှိ

May 25 • 6:54 AM

breaking-news

South Korea

Local News

cover

တောင်ကိုရီးယားရေငုပ်သင်္ဘော ကနေဒါသို့ ရောက်ရှိ

တောင်ကိုရီးယားနိုင်ငံထုတ် ၃,၀၀၀ တန်အဆင့်ရှိ ROKS Dosan Ahn Chang-ho ရေငုပ်သင်္ဘောသည် ကနေဒါနိုင်ငံ၏ ဝယ်ယူရန်လျာထားသော ကာကွယ်ရေးပရောဂျက်ကို အရယူနိုင်ရန် ၎င်း၏စွမ်...

တောင်ကိုရီးယားနိုင်ငံထုတ် ၃,၀၀၀ တန်အဆင့်ရှိ ROKS Dosan Ahn Chang-ho ရေငုပ်သင်္ဘောသည် ကနေဒါနိုင်ငံ၏ ဝယ်ယူရန်လျာထားသော ကာကွယ်ရေးပရောဂျက်ကို အရယူနိုင်ရန် ၎င်း၏စွမ်းဆောင်ရည်ကို သက်သေပြသည့်အနေဖြင့် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်ကာ ဗြိတိသျှကိုလံဘီယာပြည်နယ်ရှိ Esquimalt ကနေဒါရေတပ်အခြေစိုက်စခန်းသို့ စနေနေ့ (မေ ၂၃ ရက်) က ဆိုက်ရောက်လာခဲ့သည်။ဤခရီးစဉ်သည် တောင်ကိုရီးယားရေငုပ်သင်္ဘောသမိုင်းတွင် ပထမဆုံးအကြိမ် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်သည့် ကီလိုမီတာ ၁၄,၀၀၀ ကျော် ရှည်လျားသော စံချိန်တင်ခရီးစဉ်ဖြစ်ပြီး၊ ကနေဒါရေတပ်နှင့်အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။လက်ရှိတွင် ကနေဒါအစိုးရသည် သက်တမ်းရင့်နေပြီဖြစ်သော ၎င်း၏ဗစ်တိုးရီးယားအဆင့် (Victoria-class) ရေငုပ်သင်္ဘောများကို အစားထိုးရန်အတွက် ဒေါ်လာ ၃၉.၆ ဘီလီယံ (ဝမ် ၆၀ ထရီလီယံခန့်) တန်ဖိုးရှိ ရေငုပ်သင်္ဘော ၁၂ စင်းအထိ ဝယ်ယူမည့် "Canadian Patrol Submarine Project" ကို လုပ်ဆောင်နေခြင်းဖြစ်သည်။ ထိုတင်ဒါအတွက် တောင်ကိုရီးယား၏ Hanwha Ocean နှင့် HD Hyundai Heavy Industries ပူးပေါင်းအဖွဲ့သည် ဂျာမနီနိုင်ငံ၏ Thyssenkrupp Marine Systems (TKMS) နှင့် အကြိတ်အနယ် ယှဉ်ပြိုင်နေရပြီး၊ လာမည့် ဇွန်လကုန်တွင် နောက်ဆုံးဆန်ခါတင် အောင်နိုင်သူကို ရွေးချယ်ကြေညာဖွယ်ရှိကြောင်း သိရသည်။

news-view-count-icon

12