ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့နယ်၌ ပြောင်းဈေးမတည်ငြိမ်သဖြင့် တောင်သူများ နှမ်းစိုက်ပျိုးမှုကို ပြောင်းလဲရွေးချယ်လာ

May 25 • 4:42 AM

breaking-news

Myanmar

Kayah

cover

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့နယ်၌ ပြောင်းဈေးမတည်ငြိမ်သဖြင့် တောင်သူများ နှမ်းစိုက်ပျိုးမှုကို ပြောင်းလဲရွေးချယ်လာ

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းရှိ တောင်သူများသည် ပြီးခဲ့သည့်နှစ်က လမ်းကြောင်းပိတ်ဆို့မှုများနှင့် နယ်မြေအခြေအနေများကြောင့် ပြောင်းများရေ...

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းရှိ တောင်သူများသည် ပြီးခဲ့သည့်နှစ်က လမ်းကြောင်းပိတ်ဆို့မှုများနှင့် နယ်မြေအခြေအနေများကြောင့် ပြောင်းများရောင်းမထွက်ဘဲ ဈေးနှုန်းကျဆင်းခဲ့သဖြင့်၊ ယခုနှစ်စိုက်ပျိုးရာသီတွင် စီးပွားဖြစ်ပြောင်းအစား နှမ်းနှင့် စပါးကိုသာ ပိုမိုရွေးချယ်စိုက်ပျိုးလာကြကြောင်း သိရပါတယ်။အဝေးရောက်ကာလ ကြာမြင့်လာသည်နှင့်အမျှ စားဝတ်နေရေးအတွက် ပြောင်းထက်စာလျှင် ဈေးကွက်ပိုကောင်းသည့် နှမ်းနှင့် စားနပ်ရိက္ခာအတွက် စပါးကိုသာ အဓိကထားစိုက်ပျိုးလာကြခြင်း ဖြစ်ပါတယ်။ သို့သော် လွိုင်ကော်အရှေ့ဘက်ခြမ်းတွင် ၂၀၂၆ ခုနှစ်ဆန်းပိုင်းမှစ၍ နယ်မြေအခြေအနေများကြောင့် ယခင်နှစ်များထက် စိုက်ပျိုးနိုင်မှုနှုန်း ကျဆင်းသွားပြီး၊ အဆိုပါဒေသရှိ နေရပ်စွန့်ခွာရသူ ဦးရေ ၁ သောင်းကျော်မှာလည်း စားနပ်ရိက္ခာစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရပါတယ်။

news-view-count-icon

6