back

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တောင်းတပ်ကျေးရွာတွင် ဆရာ/မ မလုံလောက်သဖြင့် ကလေးများ အခြေခံစာရေး၊ စာဖတ်ပိုင်း အားနည်းလာ

May 25 • 4:20 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တောင်းတပ်ကျေးရွာတွင် ဆရာ/မ မလုံလောက်သဖြင့် ကလေးများ အခြေခံစာရေး၊ စာဖတ်ပိုင်း အားနည်းလာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တောင်းတပ်ကျေးရွာရှိ မူလွန်ကျောင်းတွင် KG မှ G-6 အထိ အတန်း (၇) တန်းလုံးအတွက် အစိုးရဆရာမ ၂ ဦးတည်းသာ ရှိတော့သဖြင့် ကျောင်...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တောင်းတပ်ကျေးရွာရှိ မူလွန်ကျောင်းတွင် KG မှ G-6 အထိ အတန်း (၇) တန်းလုံးအတွက် အစိုးရဆရာမ ၂ ဦးတည်းသာ ရှိတော့သဖြင့် ကျောင်းသား ၁၀၀ ကျော်၏ အခြေခံစာရေးစာဖတ်နှင့် တွက်ချက်နိုင်စွမ်းများ အားနည်းလာနေကြောင်း ဒေသခံများထံမှ သိရပါတယ်။ပြီးခဲ့သည့်နှစ်က ဆရာမ ၄ ဦးထက်မနည်း ရှိခဲ့သော်လည်း ယခုနှစ်တွင် လျော့နည်းသွားသဖြင့် ရွာက လစာငွေစိုက်ထုတ်ကာ လူထုခန့်ဆရာမ ၃ ဦး ငှားရမ်းပေးခဲ့ရကြောင်း သိရပါတယ်။ အနီးအနားရွာအချို့တွင် ဆရာမမရှိသဖြင့် ကျောင်းပိတ်လိုက်ရမှုများရှိနေပြီး၊ တောင်းတပ်ရွာရှိ ကျောင်းသားမိဘအချို့မှာလည်း ကလေးများ၏ ပညာရေးနောက်ကျမည်ကို စိုးရိမ်သဖြင့် ပရဟိတကျောင်းများသို့ ပြောင်းရွှေ့ပို့ဆောင်ရန် စီစဉ်နေကြကြောင်း သိရပါတယ်။

news-view-count-icon

16