back

ဗီယက်နမ် ဒါနန်းမြို့၌ အမှိုက်စည်းကမ်းဖောက်ဖျက်သူများကို ဒဏ်ရိုက်မည့်အပြင် လော်စပီကာမှတစ်ဆင့် နာမည်ထုတ်ပြန် ကြေညာမည်

May 25 • 3:10 AM

breaking-news

Vietnam

Local News

cover

ဗီယက်နမ် ဒါနန်းမြို့၌ အမှိုက်စည်းကမ်းဖောက်ဖျက်သူများကို ဒဏ်ရိုက်မည့်အပြင် လော်စပီကာမှတစ်ဆင့် နာမည်ထုတ်ပြန် ကြေညာမည်

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ဒါနန်းမြို့ (Da Nang) အာဏာပိုင်များသည် မြို့တွင်း အမှိုက်ပစ်ရလွယ်ကူသော နေရာများ၌ စောင့်ကြည့်ကင်မရာ (Surveillance cameras) များ တပ်ဆင်က...

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ဒါနန်းမြို့ (Da Nang) အာဏာပိုင်များသည် မြို့တွင်း အမှိုက်ပစ်ရလွယ်ကူသော နေရာများ၌ စောင့်ကြည့်ကင်မရာ (Surveillance cameras) များ တပ်ဆင်ကာ အမှိုက်စည်းကမ်း ဖောက်ဖျက်သူများကို ဖမ်းဆီးဒဏ်ရိုက်သွားမည်ဖြစ်ပြီး၊ ထိုသို့ ဒဏ်ရိုက်ခံရသူများ၏ အမည်များကို ရပ်ကွက်နှင့် ကျေးရွာများရှိ အများပြည်သူသုံး လော်စပီကာ (Loudspeaker) စနစ်များမှတစ်ဆင့် လူသိရှင်ကြား ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း သောကြာနေ့ မြို့ပြအမှိုက်သိမ်းဆည်းမှုဆိုင်ရာ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

ဒါနန်းမြို့ ပြည်သူ့ကော်မတီ ဒုတိယဥက္ကဋ္ဌ ထရန်နမ်ဟန်း (Tran Nam Hung) ၏ ပြောကြားချက်အရ လာမည့် ဇွန်လမှစတင်ကာ အမှိုက်စွန့်ပစ်မှု စည်းကမ်းချက်များကို ပိုမိုတင်းကျပ်စွာ ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ပြီး၊ ဒဏ်ရိုက်ခံရသူများ၏ နာမည်များကို လော်စပီကာမှ ကြေညာရုံတင်မကဘဲ လူထုအသိပညာပွင့်လင်းလာစေရန်နှင့် အမူအကျင့်များ ပြောင်းလဲလာစေရန်အတွက် ရပ်ကွက်အလိုက် ကျင်းပသည့် လူထုအစည်းအဝေးများတွင်ပါ ထည့်သွင်းပြောကြားသွားမည် ဖြစ်သည်။ ဒါနန်းမြို့ စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အချက်အလက်များအရ မြို့တွင်း၌ တစ်ရက်လျှင် ပျမ်းမျှ အိမ်တွင်းစွန့်ပစ်အမှိုက် တန်ချိန် ၁,၆၀၀ မှ ၁,၇၀၀ ကြား ထွက်ရှိနေပြီး၊ ကမ္ဘာလှည့်ခရီးသွား ရာသီများနှင့် ပွဲတော်ရက်ကြီးများတွင် ထိုပမာဏထက် သိသိသာသာ ပိုမိုမြင့်တက်လာလေ့ရှိကြောင်း သိရသည်။

news-view-count-icon

13