back

မန်စီးတီးအသင်းက နည်းပြ ဂွါဒီယိုလာ၊ ဘာနာဒိုဆေးလ်ဗားနှင့် ဂျွန်စတုန်းစ်တို့ကို ဂုဏ်ပြုနှုတ်ဆက်ပွဲကျင်းပပေးခဲ့

May 25 • 2:20 AM

breaking-news

Myanmar

International

cover

မန်စီးတီးအသင်းက နည်းပြ ဂွါဒီယိုလာ၊ ဘာနာဒိုဆေးလ်ဗားနှင့် ဂျွန်စတုန်းစ်တို့ကို ဂုဏ်ပြုနှုတ်ဆက်ပွဲကျင်းပပေးခဲ့

အင်္ဂလန် အခြေစိုက် မန်ချက်စတာစီးတီး အသင်းသည် ၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အပြီးတွင် အသင်းနှင့် လမ်းခွဲတော့မည့် နည်းပြချုပ် ပက်ဂွါဒီယိုလာ၊ အသင်းခေါ...

အင်္ဂလန် အခြေစိုက် မန်ချက်စတာစီးတီး အသင်းသည် ၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အပြီးတွင် အသင်းနှင့် လမ်းခွဲတော့မည့် နည်းပြချုပ် ပက်ဂွါဒီယိုလာ၊ အသင်းခေါင်းဆောင်များ ဖြစ်ကြသည့် ဘာနာဒိုဆေးလ်ဗားနှင့် ဂျွန်စတုန်းစ် တို့အတွက် အီတီဟတ်ကွင်းအတွင်း ဂုဏ်ပြုနှုတ်ဆက်ပွဲ အခမ်းအနား ပြုလုပ်ပေးခဲ့ပါတယ်။မေလ ၂၄ ရက်က ကစားခဲ့သည့် အက်စတွန်ဗီလာနှင့် ရာသီပိတ်ပွဲစဉ်အပြီးတွင် အဆိုပါ နှုတ်ဆက်ပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကစားသမားများနှင့် ဝန်ထမ်းများက ဂုဏ်ပြုတန်းစီ (Guard of Honour) ပေးခဲ့ကြပါတယ်။ နည်းပြ ဂွါဒီယိုလာနှင့် နောက်ခံလူ ဂျွန်စတုန်းစ်တို့သည် မန်စီးတီးအသင်းတွင် ၁၀ နှစ် (ဆယ်စုနှစ်တစ်ခု) ကြာ လက်တွဲခဲ့ကြသူများဖြစ်ပြီး၊ ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကတော့ ၉ နှစ်ကြာ ကစားခဲ့ပြီးနောက် ယခုနွေရာသီတွင် အသင်းမှ ထွက်ခွာကြတော့မည် ဖြစ်ကြောင်း သိရပါတယ်။

news-view-count-icon

30