ရီးယဲလ်မက်ဒရစ်အသင်း၏ တိုက်စစ်မှူး အမ်ဘာပေသည် ယခုရာသီ လာလီဂါပြိုင်ပွဲတွင် ၃၁ ပွဲကစားကာ ၂၅ ဂိုး သွင်းယူပြီး လာလီဂါဂိုးသွင်းဘုရင်ဆု (Pichichi Trophy) ကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ၎င်း၏နောက်တွင် မာယော့ကာတိုက်စစ်မှူး မူရီကီက ၂၂ ဂိုး၊ အိုဆာဆူနာတိုက်စစ်မှူး ဘူဒီမာက ၁၇ ဂိုးတို့ဖြင့် ရပ်တည်ခဲ့သော်လည်း အမ်ဘာပေကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ဘဲ၊ အမ်ဘာပေသည် ပြီးခဲ့သည့်ရာသီကလည်း ၃၁ ဂိုးဖြင့် ဤဆုကို ရရှိခဲ့ဖူးသည်။ ဤသို့ ဂိုးသွင်းဘုရင်ဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ခြင်းကြောင့် ၎င်းသည် ရီးယဲလ်မက်ဒရစ်ဂန္ထဝင်ကစားသမားများဖြစ်ကြသည့် ဒီစတီဖာနို၊ ပွတ်ရှ်ကပ်စ်၊ အာမန်စီယို၊ ဟူဂိုဆန်းချက်ဇ်နှင့် စီရော်နယ်လ်ဒိုတို့၏ မှတ်တမ်းကောင်းကို လိုက်မှီသွားခဲ့သည်။ အမ်ဘာပေသည် ၂၀၂၄ ခုနှစ် နွေရာသီတွင် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဥရောပစူပါဖလားနှင့် FIFA Intercontinental Cup တို့ကို ဆွတ်ခူးထားနိုင်ခဲ့သော်လည်း စပိန်ပြည်တွင်းဖလားကိုမူ ရရှိဖူးခြင်းမရှိသေးကြောင်း သိရသည်။
May 24 • 8:47 AM
Myanmar
International
Share
| 41 | 0 | 0 | 0 |


