လာလီဂါ ပွဲစဉ်-၃၈ ရာသီပိတ်ပွဲစဉ်တွင် တန်းဆင်းလက်ကျန်နေရာများအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီးနောက် ဂျီရိုနာနှင့် မာယော့ကာအသင်းတို့ တန်းဆင်းခဲ့ရကြောင်း သိရသည်။ ရာသီအကုန်တွင် မာယော့ကာအသင်းသည် ရမှတ် ၄၂ မှတ်ဖြင့် အဆင့် ၁၈၊ ဂျီရိုနာအသင်းသည် ရမှတ် ၄၁ မှတ်ဖြင့် အဆင့် ၁၉ တွင် အသီးသီးရပ်တည်ခဲ့ကြပြီး အစောပိုင်းကတည်းက တန်းဆင်းထားသည့် အိုဗီယေဒိုအသင်းနှင့်အတူ ဒုတိယတန်း (ဆီဂန်ဒါ) သို့ ဖက်လှဲတကွ ဆင်းခဲ့ကြရသည်။ မာယော့ကာအသင်းမှာ အိုဆာဆူနာ၊ လီဗန်တေးအသင်းတို့နှင့် ရမှတ်တူညီခဲ့သော်လည်း သုံးသင်းပတ်လည် head-to-head ရလဒ်အရ ပိုမိုနာကျင်စွာ တန်းဆင်းခဲ့ရခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့သည့် ဂျီရိုနာအသင်း တန်းဆင်းသွားခဲ့ရမှုမှာမူ ပရိသတ်များအတွက် အလွန်အံ့အားသင့်စရာ ဖြစ်ခဲ့ရသည်။
ဂျီရိုနာနှင့် မာယော့ကာအသင်းတို့ လာလီဂါပြိုင်ပွဲမှ တန်းဆင်းခဲ့ရပြီး လာမည့်ရာသီတွင် ဆီဂန်ဒါ၌ သွားရောက်ကစားရမည်
May 24 • 7:13 AM
Myanmar
International
Share
| 22 | 0 | 0 | 0 |


