back

ရန်ကုန်တိုင်းရှိ မြို့နယ်နှစ်ခုတွင် မိနစ်ပိုင်းသာခြား၍ သစ်ပင်များ လဲကျမှုဖြစ်ပွားခဲ့

May 24 • 3:12 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တိုင်းရှိ မြို့နယ်နှစ်ခုတွင် မိနစ်ပိုင်းသာခြား၍ သစ်ပင်များ လဲကျမှုဖြစ်ပွားခဲ့

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒလမြို့နယ်တို့၌ မေလ ၂၃ ရက် ညပိုင်းက မိနစ်ပိုင်းသာခြား၍ သစ်ပင်လဲကျမှုများ ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထ...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒလမြို့နယ်တို့၌ မေလ ၂၃ ရက် ညပိုင်းက မိနစ်ပိုင်းသာခြား၍ သစ်ပင်လဲကျမှုများ ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ဒဂုံမြောက် (အရှေ့ပိုင်း) အမှတ်(၅)ရပ်ကွက်၊ ယောမင်းကြီးလမ်းတွင် ည ၈ နာရီ ၅၇ မိနစ်ခန့်ကလည်းကောင်း၊ ဒလမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်၊ ဦးအောင်ဇေယျ(၂)လမ်းတွင် ည ၈ နာရီကျော်ခန့်ကလည်းကောင်း သစ်ပင်များလဲကျခဲ့သဖြင့် သက်ဆိုင်ရာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ဖယ်ရှား ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

news-view-count-icon

18