back

စမတ်ကတ် ပျောက်ဆုံး/ပျက်စီးပါက လဝကရုံးများတွင် Biometric ဖြင့် ပြန်လည်ထုတ်ယူနိုင်

May 23 • 9:34 AM

breaking-news

Myanmar

Local

cover

စမတ်ကတ် ပျောက်ဆုံး/ပျက်စီးပါက လဝကရုံးများတွင် Biometric ဖြင့် ပြန်လည်ထုတ်ယူနိုင်

စမတ်ကတ် (UID) များ ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးမှုများ ဖြစ်ပေါ်ပါက နီးစပ်ရာ လူဝင်မှုကြီးကြပ်ရေးမြို့နယ်ဦးစီးမှူးရုံးများတွင် ကိုယ်တိုင်သွားရောက်၍ Biometric...

စမတ်ကတ် (UID) များ ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးမှုများ ဖြစ်ပေါ်ပါက နီးစပ်ရာ လူဝင်မှုကြီးကြပ်ရေးမြို့နယ်ဦးစီးမှူးရုံးများတွင် ကိုယ်တိုင်သွားရောက်၍ Biometric စနစ်ဖြင့် စနစ်တကျ ပြန်လည်ထုတ်ယူနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန က မေ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်အရ စမတ်ကတ်ပြန်လည်ထုတ်ပေးရာတွင် ကာယကံရှင်၏ အမှန်တကယ်ပိုင်ဆိုင်သူဖြစ်ကြောင်း သေချာစေရန်အတွက် မြို့နယ်ရုံးများရှိ Biometric Enrollment and Verification စနစ်ကို အသုံးပြုမည်ဖြစ်သည်။ ထိုစနစ်တွင် မျက်နှာ၊ လက်ဗွေ၊ မျက်စိသူငယ်အိမ် စသည့် ဇီဝအချက်အလက်များကို e-ID စနစ်အတွင်းရှိ မူလဒေတာများနှင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။ 

news-view-count-icon

64