ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ လမ်းလျှောက်နေသည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို လမ်းမေးဟန်ဆောင်ကာ ဓားဖြင့်ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်မှု၊ ဗီဒီယိုရိုက်ကူးမှုတို့ဖြင့် Delivery rider အယောင်ဆောင်ထားသည့် အမျိုးသားတစ်ဦးကို မေလ ၂၂ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ အဆိုပါအမျိုးသားသည် ကိုယ်ပိုင်ယာဉ်မောင်းလိုင်စင်မရှိသဖြင့် အခြားသူ၏ Delivery အကောင့်ကို အသုံးပြုထားသူဖြစ်ပြီး၊ လမ်းပေါ်တွင် မိန်းကလေးအား ဖမ်းဆီးကာ ကားဖြင့် အခန်းတစ်ခုသို့ အတင်းအဓမ္မခေါ်ဆောင်သွားခဲ့ပြီးနောက် ဆေးခြောက်ကို အတင်းအကျပ် သောက်ခိုင်း၍ ဓားဖြင့်ခြိမ်းခြောက်ကာ ရာဇဝတ်မှု ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်ကို မိန်းကလေးက အုပ်ထိန်းသူများထံ ပြန်လည်ပြောပြခဲ့ရာမှတစ်ဆင့် ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းအား ဥပဒေအရ ထိရောက်စွာ အရေးယူထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ဘန်ကောက်တွင် Delivery သမားအတုအယောင်ဆောင်၍ ၁၃ နှစ်အရွယ် မိန်းကလေးအား ဓားပြပြီး အဓမ္မပြုကျင့်သူကို ဖမ်းဆီးရမိ
May 23 • 9:00 AM
Thailand
Local News
Share
| 14 | 0 | 0 | 0 |


