back

မြန်မာနေရှင်နယ်လိဂ်ရဲ့ ထိပ်တန်းကလပ်တစ်ခုဖြစ်သည့်ရတနာပုံ FC က အမျိုးသမီးဘောလုံးအသင်း ကို တရားဝင်စတင်ဖွဲ့စည်း

May 23 • 3:56 AM

breaking-news

Myanmar

Local

breaking-news
cover

မြန်မာနေရှင်နယ်လိဂ်ရဲ့ ထိပ်တန်းကလပ်တစ်ခုဖြစ်သည့်ရတနာပုံ FC က အမျိုးသမီးဘောလုံးအသင်း ကို တရားဝင်စတင်ဖွဲ့စည်း

မြန်မာနေရှင်နယ်လိဂ်ရဲ့ ထိပ်တန်းကလပ်တစ်ခုဖြစ်သည့် ရတနာပုံဘောလုံးအသင်း သည် လာမယ့် ရာသီ မြန်မာအမျိုးသမီးလိဂ်မှာ ပါဝင်ယှဥ်ပြိုင်ဖို့အတွက် "ရတနာပုံ အမျိုးသမီးဘောလု...

မြန်မာနေရှင်နယ်လိဂ်ရဲ့ ထိပ်တန်းကလပ်တစ်ခုဖြစ်သည့် ရတနာပုံဘောလုံးအသင်း သည် လာမယ့် ရာသီ မြန်မာအမျိုးသမီးလိဂ်မှာ ပါဝင်ယှဥ်ပြိုင်ဖို့အတွက် "ရတနာပုံ အမျိုးသမီးဘောလုံးအသင်း (Yadanarbon FC Women)" ကို တရားဝင် စတင်ဖွဲ့စည်းတည်ထောင်လိုက်ပြီဖြစ်ကြောင်း ယနေ့ (မေလ ၂၃ ရက်) တွင် သတင်းထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ အသစ်ဖွဲ့စည်းလိုက်သည့် အမျိုးသမီးအသင်းသည် လာမည့် မြန်မာအမျိုးသမီးလိဂ် (Myanmar Women League) ဘောလုံးရာသီမှစတင်ကာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး၊ အသင်းအတွက် လိုအပ်သည့် အုပ်ချုပ်သူများ၊ နည်းပြအဖွဲ့များနှင့် ကစားသမားလူစာရင်း အသေးစိတ်ကိုလည်း မကြာမီ ဆက်လက်ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ရတနာပုံအသင်းကတော့ ပိုင်ရှင်အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း အမျိုးသားအသင်းအတွက်လည်း ကစားသမားကောင်းများစွာခေါ်ယူနေသလို အနာဂတ်မြန်မာ့အမျိုးသမီးဘောလုံးလောကအတွက် ကစားသမားကောင်းများပေါ်ထွက်လာဖို့အတွက်ရည်ရွယ်ပြီး အမျိုးသမီးအသင်းကိုပါ စတင်တည်ထောင်လိုက်တာဖြစ်ပါတယ်။ လာမည့်ရာသီ မြန်မာအမျိုးသမီးလိဂ်ကတော့ ရတနာပုံအမျိုးသမီးအသင်းပါဝင်လာတာကြောင့် စုစုပေါင်း အသင်း(၁၀) သင်းဖြင့်ယှဥ်ပြိုင်သွားမည်ဖြစ်ပါတယ်။


news-view-count-icon

40