back

ဘောလုံးကနေ ခေတ္တအနားယူမယ်လို့ မန်စီးတီးနည်းပြဂွါဒီယိုလာ အတည်ပြု

May 23 • 3:40 AM

breaking-news

Myanmar

International

cover

ဘောလုံးကနေ ခေတ္တအနားယူမယ်လို့ မန်စီးတီးနည်းပြဂွါဒီယိုလာ အတည်ပြု

မန်စီးတီးနည်းပြရာထူးကနေ နုတ်ထွက်တော့မယ့် ဂွါဒီယိုလာက အသင်းနဲ့ လမ်းခွဲတော့မယ်လို့ ကြေညာပြီးနောက် ဘောလုံးကနေ ခေတ္တအနားယူမယ်လို့ အတည်ပြုခဲ့ပါတယ်။ဂွါဒီယိုလာ(၅၅ နှစ်...

မန်စီးတီးနည်းပြရာထူးကနေ နုတ်ထွက်တော့မယ့် ဂွါဒီယိုလာက အသင်းနဲ့ လမ်းခွဲတော့မယ်လို့ ကြေညာပြီးနောက် ဘောလုံးကနေ ခေတ္တ

အနားယူမယ်လို့ အတည်ပြုခဲ့ပါတယ်။ဂွါဒီယိုလာ(၅၅ နှစ်)ဟာ မန်စီးတီးအသင်းနဲ့ ၁၀ နှစ်ကြာလက်တွဲမှုကို အဆုံးသတ်တော့မယ်လို့ ယနေ့က ကြေညာခဲ့ပါတယ်။၎င်းအနေနဲ့ မနက်ဖြန် အက်စတွန်ဗီလာနဲ့ကစားရမယ့် ပရီးမီးယားလိဂ်ရာသီပိတ် အိမ်ကွင်းပွဲကို နောက်ဆုံးကိုင်တွယ်မှာပါ။ဂွါဒီယိုလာအနေနဲ့ လက်ရွေးစင်အသင်းနည်းပြအလုပ်တချို့အတွက် ချိတ်ဆက်မှုတွေ ရှိခဲ့ပါတယ်။မန်စီးတီးအသင်းပိုင်ရှင် City Football Group (CFG)ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးသံတမန်နဲ့ CFG ပိုင်ဆိုင်ထားတဲ့ ကလပ်တွေကိုနည်းစနစ်အကြံပေးအဖြစ်လည်း လုပ်ကိုင်လာနိုင်တယ်လို့ သတင်းတွေက ရေးသားခဲ့ပါတယ်။လက်ရှိမှာ လီဗာပူးလ်နည်းပြဟောင်း ယာဂန်ကလော့ပ် ရက်ဘူးလ်အုပ်စုမှာ အလားတူအခန်းကဏ္ဍနဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။


news-view-count-icon

25