ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးအေးကျော်က ကျောင်းသားလူငယ်များ အားကစားကဏ္ဍတွင် ပိုမိုပါဝင်လာစေရေးနှင့် ကစားကွင်းများသို့ ရောက်ရှိလာစေရေးအတွက် အားကစားကွင်းများ ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။အဆိုပါပြောကြားချက်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) တွင် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး၊ သန့်ရှင်းသာယာလှပရေး၊ လုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။


