back

ဇလပ်ထော်ရေလှောင်တမံအတွင်း ရေဆင်းကူးသည့်ကလေးငယ်(၄)ဦးရေနစ်‌ သေဆုံး

May 22 • 1:20 PM

breaking-news

Myanmar

Bago

cover

ဇလပ်ထော်ရေလှောင်တမံအတွင်း ရေဆင်းကူးသည့်ကလေးငယ်(၄)ဦးရေနစ်‌ သေဆုံး

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဝါးမရမ်းကျေးရွာအုပ်စု၊ ဆပ်ပြာကျင်းကျေးရွာအနီးရှိ ဇလပ်ထော်ရေလှောင်တမံအတွင်း ရေဆင်းကူးသည့် ကလေးငယ်(၄)ဦးရေနစ် သေဆုံးခဲ့မှု ယနေ့ မေ ၂၂ ...

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဝါးမရမ်းကျေးရွာအုပ်စု၊ ဆပ်ပြာကျင်းကျေးရွာအနီးရှိ ဇလပ်ထော်ရေလှောင်တမံအတွင်း ရေဆင်းကူးသည့် ကလေးငယ်(၄)ဦးရေနစ် သေဆုံးခဲ့မှု ယနေ့ မေ ၂၂ ရက်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ပဲခူးမြို့တွင်နေထိုင်သည့် ကလေးငယ်(၄)ဦးသည် ဇလပ်ထော်ရေလှောင်တမံအတွင်းရေဆင်းကူးရာမှရေနစ်ကာ‌သေဆုံးသွားသဖြင့် ဆယ်ယူမှုများပြုလုပ်ပြီးနောက် တာဝန်ရှိသူများကစစ်ဆေးကာ ရုပ်အလောင်းများအား ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ထို့နောက် အမှတ်(၃)နယ်မြေရဲစခန်းက ‌သေမှု‌သေခင်းအမှတ်စဉ် ၉/၂၀၂၆ ဖြင့် ဓမ္မတာအတိုင်း‌သေဆုံးခြင်း ဟုတ်/မဟုတ်ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

36