back

သြစတြေးလျတရားရုံးက အီလွန်မာ့စ်၏ X လူမှုမီဒီယာကုမ္ပဏီအပေါ် ဒဏ်ငွေ ဒေါ်လာ ၄၆၅,၀၀၀ ချမှတ်ထားသည့်ပြစ်ဒဏ်ကို အတည်ပြု

May 22 • 5:55 AM

breaking-news

Myanmar

International

cover

သြစတြေးလျတရားရုံးက အီလွန်မာ့စ်၏ X လူမှုမီဒီယာကုမ္ပဏီအပေါ် ဒဏ်ငွေ ဒေါ်လာ ၄၆၅,၀၀၀ ချမှတ်ထားသည့်ပြစ်ဒဏ်ကို အတည်ပြု

သြစတြေးလျ ဖက်ဒရယ်တရားရုံးက အီလွန်မာ့စ်၏ X လူမှုမီဒီယာကုမ္ပဏီအား ကလေးသူငယ် အင်တာနက်ဘေးကင်းလုံခြုံရေးစဉ်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်မှုအတွက် ဒဏ်ငွေ ဒေါ်လာ ၄၆...

သြစတြေးလျ ဖက်ဒရယ်တရားရုံးက အီလွန်မာ့စ်၏ X လူမှုမီဒီယာကုမ္ပဏီအား ကလေးသူငယ် အင်တာနက်ဘေးကင်းလုံခြုံရေးစဉ်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်မှုအတွက် ဒဏ်ငွေ ဒေါ်လာ ၄၆၅၀၀၀ ပေးဆောင်ရန် ချမှတ်ထားသည့် ပြစ်ဒဏ်ကို မေ ၂၁ ရက်တွင် အတည်ပြုခဲ့သည်။ယင်းသည် X ကုမ္ပဏီနှင့် သြစတြေးလျ အစိုးရတို့အကြား သုံးနှစ်ကြာ ဖြစ်ပွားခဲ့သည့် ဥပဒေကြောင်းအရ တိုက်ပွဲကို အဆုံးသတ်စေခဲ့သည်။

သြစတြေးလျဥပဒေအရ အင်တာနက် ထိန်းသိမ်းကြပ်မတ်ရေးအဖွဲ့ဖြစ်သည့် eSafty သည် ကလေးငယ်များကို အွန်လိုင်းပေါ်တွင် မည်သို့ ဘေးကင်းလုံခြုံအောင် ကာကွယ်ပေးထားသနည်းဆိုသည့် အသေးစိတ် အချက်အလက်များ တောင်းခံမှုကို ပြန်လည်ဖြေကြားရန် ပျက်ကွက်သော ကုမ္ပဏီများကို ဒဏ်ငွေချမှတ်ပိုင်ခွင့် ရှိသည်။eSafty အဖွဲ့သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ယခင်က Twitter ဟု ခေါ်ဆိုခဲ့သည့် X ကုမ္ပဏီအား ကလေးသူငယ် များအပေါ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုလုပ်သည့် အကြောင်းအရာများ ပြန့်ပွားနေမှုကို မည်သို့ ကိုင်တွယ်ဖြေရှင်းနေသည်ဆိုခြင်းကို ရှင်းလင်းတင်ပြရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။မတ်လ အီလွန်မာ့စ်က Twitter ၏ အမည်ကို X Corp ဟု ပြောင်းလဲဖွဲ့စည်းခဲ့ပြီးနောက် eSafty အဖွဲ့၏ ထပ်တလဲလဲတောင်းဆိုမှုများအပေါ် မပြည့်စုံသောတုံ့ပြန်မှုများ ပေးအပ်ခဲ့ခြင်းကြောင့် နောက်ဆုံးတွင် X Corp သည် ဒဏ်ငွေချမှတ်ခံခဲ့ရသည်။


news-view-count-icon

22