ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ သမိုင်းဝင် ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုး မော်ကွန်းတံခါးကို မူလလက်ရာမပျက် ပြန်လည်ဖော်ထုတ်ထိန်းသိမ်းနေ

May 22 • 2:44 AM

breaking-news

Myanmar

Bago

cover

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ သမိုင်းဝင် ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုး မော်ကွန်းတံခါးကို မူလလက်ရာမပျက် ပြန်လည်ဖော်ထုတ်ထိန်းသိမ်းနေ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့အခြေစိုက် ကေတုမတီမြို့ဟောင်း၏ မြောက်ဘက်မြို့ရိုး မော်ကွန်းတံခါးအား တူးဖော်ထိန်းသိမ်းထားရှိမှု အခြေအနေများနှင့် မြို့ရိုးအနီး ကျု...

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့အခြေစိုက် ကေတုမတီမြို့ဟောင်း၏ မြောက်ဘက်မြို့ရိုး မော်ကွန်းတံခါးအား တူးဖော်ထိန်းသိမ်းထားရှိမှု အခြေအနေများနှင့် မြို့ရိုးအနီး ကျုံးကူးတံတားအသစ် ပြန်လည်တည်ဆောက်ရန် လျာထားသည့် မြေနေရာတို့ကို ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။အဆိုပါ မော်ကွန်းတံခါးနေရာအား ရှေးမူမပျက် ပြန်လည်တည်ဆောက်ပြသရန်နှင့် မူလက တည်ရှိခဲ့သော ကျုံးကူးတံတား၏ သစ်သားတိုင်များ ရှာဖွေတွေ့ရှိထားသည့် နေရာဟောင်းတွင် တံတားကို ပြန်လည်တည်ဆောက်သွားရန် လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း သက်ဆိုင်ရာ နှိုင်းညှိပညာရှင်များနှင့် သေချာစွာ တိုင်ပင်ကာ မူလပုံသဏ္ဌာန်အတိုင်း အနီးစပ်ဆုံး ဖြစ်စေရေး ပုံစံထုတ်လုပ်ရန်နှင့် ရေရှည်ကြံ့ခိုင်မှုရှိစေရန် ဂရုပြုဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြားခဲ့သည်။

news-view-count-icon

13