ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ကောင်ဝါးတောင်ရွာ၏ အနောက်တောင်ဘက် ၂ မိုင်ခွဲအကွာ၌ မေလ ၂၁ ရက် ညနေ ၂ နာရီ ၂၂ မိနစ်အချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ခတ်ခဲ့မှုကြောင့် နွားအကောင်ရေ ၄၉ ကောင် တစ်ပြိုင်နက်တည်း သေဆုံးခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်သည် နွားကျောင်းသားဖြစ်သူက ရွာသို့ပြန်ရန်အတွက် အရေအတွက် ၂၀၀ ဝန်းကျင်ရှိသည့် နွားအုပ်ကို လိုက်လံစုစည်းနေစဉ် မိုးသက်လေမုန်တိုင်းနှင့်အတူ မိုးကြိုးပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ယခုမိုးကြိုးပစ်ခတ်မှုကြောင့် နွားအုပ်ထဲမှ အကောင်ရေ ၄၉ ကောင် သေဆုံးသွားခဲ့ရတာ ဖြစ်ပါသည်။

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်ရှိ ကောင်ဝါးတောင်ရွာတွင် နွားအကောင်ရေ ၄၉ ကောင် မိုးကြိုးပစ်ခံရ၍ သေဆုံး
May 22 • 1:58 AM
Myanmar
Shan
Share
| 19 | 0 | 0 | 0 |


