ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် သဘာဝတောတွင်း၌ မျိုးသုဉ်းရန် အန္တရာယ်နှင့် အလွန်နီးကပ်နေသည့် ဘော်နီယို (Borneo) မျိုးစိတ် ရှားပါးလူဝံနှစ်ကောင်ကို ထိန်းသိမ်းပြသထားကြောင်း တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) က မေ ၂၁ ရက်တွင် ထုတ်ပြန်သည်။အဆိုပါ လူဝံအထီးလေး (လီယို) နှင့် အမလေး (ပင်ကီ) တို့ကို ယခုနှစ် ဖေဖော်ဝါရီ ၄ ရက်က ထိုင်းနိုင်ငံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး၊ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တစ်ခုတည်းတွင်သာ ထိန်းသိမ်းပြသထားခြင်း ဖြစ်သည်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ လူဝံများကို လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ခန့်က နောက်ဆုံးပြသခဲ့ဖူးပြီး ယခုအခါ ပြန်လည်ပြသနိုင်ခြင်း ဖြစ်သည်။ ဉာဏ်ရည်အလွန်ထက်မြက်သည့် အဆိုပါ ဘော်နီယိုလူဝံများကို ပေါင်မုန့်၊ သစ်သီးဝလံများနှင့် ကြက်ဥ၊ ဟင်းသီးဟင်းရွက်များကို စနစ်တကျ ကျွေးမွေးစောင့်ရှောက်ထားကာ၊ ၎င်းတို့၏ ချစ်စရာကောင်းသော အပြုအမူများကို ကိုယ်တိုင်လာရောက်ကြည့်ရှုလေ့လာရန် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က ဖိတ်ခေါ်ထားကြောင်း သိရသည်။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ ထိုင်းနိုင်ငံမှ ဝယ်ယူထားသည့် ဘော်နီယိုမျိုးစိတ် ရှားပါးလူဝံနှစ်ကောင်ကို ထိန်းသိမ်းထား
May 22 • 1:54 AM
Myanmar
Yangon
Share
| 13 | 0 | 0 | 0 |


