ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်တွင် နှစ်စဉ်ဖြစ်ပွားလေ့ရှိသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူ အကျပ်အတည်းကို တုံ့ပြန်ဖြေရှင်းနိုင်ရေးအတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးသည့် “မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာဖြေရှင်းရေး အလုပ်ရုံဆွေးနွေးပွဲ” ကို ကျင်းပလျက်ရှိကြောင်း သိရသည်။အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မေလ ၁၉ ရက်မှ မေလ ၂၂ ရက်အထိ ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး မေလ ၁၉ ရက်က ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်မြို့) မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာ ပူးပေါင်းဖြေရှင်းရေး ဆွေးနွေးပွဲ ကျင်းပ
May 22 • 1:52 AM
Thailand
Local News
Share
| 6 | 0 | 0 | 0 |


