မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရာ၌ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေးနှင့် စာကြည့်တိုက်ကြေးအပါအဝင် မည်သည့်အခကြေးငွေကိုမျှ လုံးဝ(လုံးဝ) ကောက်ခံမည်မဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ထို့ပြင် သူငယ်တန်း (KG) မှ Grade 12 အထိ ကျောင်းသား၊ ကျောင်းသူအားလုံးကို ကျောင်းဝတ်စုံ၊ သင်ရိုးစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောလ်ပင်များကို အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး၊ မိဘအုပ်ထိန်းသူများအနေဖြင့်လည်း ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများကို ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းမပြုရန် အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံမည်မဟုတ်ဘဲ သင်ရိုးစာအုပ်နှင့် စာရေးကိရိယာများ အခမဲ့ထောက်ပံ့မည်
May 22 • 1:49 AM
Myanmar
Local
Share
| 38 | 0 | 0 | 0 |


