back

မြန်မာ ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၈၁ သန်း ထပ်မံထုတ်ရောင်း၊ မေလအတွင်း ဒေါ်လာ ၂၁၆ သန်းကျော်အထိ ရှိလာ

May 21 • 4:45 AM

breaking-news

Myanmar

Local

cover

မြန်မာ ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၈၁ သန်း ထပ်မံထုတ်ရောင်း၊ မေလအတွင်း ဒေါ်လာ ၂၁၆ သန်းကျော်အထိ ရှိလာ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၈၁ သန်းကို ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း မေလ ၂၀ ရက်တွ...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၈၁ သန်းကို ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း မေလ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ပြီးခဲ့သည့် မေလ ၅ ရက်နေ့ကလည်း အမေရိကန်ဒေါ်လာ ၁၃၅ ဒသမ ၃၁ သန်း ထုတ်ရောင်းပေးခဲ့သဖြင့် ယခုမေလအတွင်း စက်သုံးဆီကဏ္ဍတစ်ခုတည်းအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၁၆ ဒသမ ၃၁ သန်းအထိ ထုတ်ရောင်းပေးခဲ့ပြီး ဖြစ်သည်။ယခုကဲ့သို့ ဒေါ်လာထုတ်ရောင်းပေးမှုနှင့်အတူ ကမ္ဘာ့ဆီဈေးနှုန်း အကျဘက်သို့ ဦးတည်နေခြင်းကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် ၄ ပတ်ဆက်တိုက် ကျပ်ရာဂဏန်းအထိ တဖြည်းဖြည်း ပြန်လည်ကျဆင်းလာခဲ့သည်။ မေလ ၁၅ ရက်နေ့ သတ်မှတ်ရည်ညွှန်းဈေးအရ ရန်ကုန်မြို့တွင် ၉၂ Ron လျှင် ၄,၅hex ကျပ်၊ ၉၅ Ron လျှင် ၄,၆၄၅ ကျပ်၊ ရိုးရိုးဒီဇယ်လျှင် ၄,၈၂၀ ကျပ်နှင့် ပရီမီယံဒီဇယ်လျှင် ၅,၈၁၅ ကျပ်အထိ ကျဆင်းလာခဲ့ရာ ပြီးခဲ့သည့် ဧပြီလလယ်ပိုင်း ပေါက်ဈေးများနှင့် နှိုင်းယှဉ်ပါက သိသိသာသာ လျော့နည်းသွားခြင်းဖြစ်သည်။ ယခုကဲ့သို့ စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာမှုကြောင့် ကုန်စည်စီးဆင်းမှုနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ကုန်ကျစရိတ်များ အနည်းငယ် သက်သာလာနိုင်မည်ဟု လုပ်ငန်းရှင်များက မျှော်လင့်နေကြသည်။

news-view-count-icon

28