back

ကယား(ကရင်နီ)ပြည်နယ်၊ နန်းမယ်ခုံမြို့နယ်တွင် ရွှေခရုအန္တရာယ်ကြောင့် ဒေသခံတောင်သူများ အခက်ကြုံနေရ

May 21 • 4:18 AM

breaking-news

Myanmar

Kayah

cover

ကယား(ကရင်နီ)ပြည်နယ်၊ နန်းမယ်ခုံမြို့နယ်တွင် ရွှေခရုအန္တရာယ်ကြောင့် ဒေသခံတောင်သူများ အခက်ကြုံနေရ

ကယား(ကရင်နီ)ပြည်နယ်၊ နန်းမယ်ခုံမြို့နယ်၊ အိုကေကျေးရွာအုပ်စုအတွင်းရှိ နွေစပါးခင်းများတွင် ရွှေခရုများ အစုလိုက်အပြုံလိုက် ဝင်ရောက်ဖျက်ဆီးနေသဖြင့် လယ်သမားများနှင့်...

ကယား(ကရင်နီ)ပြည်နယ်၊ နန်းမယ်ခုံမြို့နယ်၊ အိုကေကျေးရွာအုပ်စုအတွင်းရှိ နွေစပါးခင်းများတွင် ရွှေခရုများ အစုလိုက်အပြုံလိုက် ဝင်ရောက်ဖျက်ဆီးနေသဖြင့် လယ်သမားများနှင့် နေရပ်စွန့်ခွာတောင်သူများ အကျပ်အတည်းဖြစ်နေရသည်။ စိုက်ပျိုးရေးပညာရှင်များ၏ နည်းလမ်းများမှာ ဒေသတွင်း၌ လက်တွေ့လုပ်ကိုင်ရန် ခက်ခဲနေသဖြင့် တောင်သူများသည် နေ့စဉ် လယ်ကွင်းထဲဆင်းကာ ခရုများကို လက်ဖြင့် တစ်ကောင်ချင်း လိုက်လံကောက်ယူ ဖယ်ရှားနေရသည်။ လယ်ထဲတွင် ရေခမ်းအောင်ထားပြီး ပိုးသတ်ဆေးဖြန်း၍ ရသော်လည်း ရေပြန်သွင်းသည့်အခါ ရေနှင့်အတူ ခရုများ ထပ်မံပါလာမြဲဖြစ်ကြောင်း သိရသည်။ ရှမ်း-ကရင်နီနယ်စပ်ရှိ လယ်ကွင်းများသည် ယခင်ကလည်း ရေလွှမ်းမိုးမှုကြောင့် အကြိမ်ကြိမ် ပျက်စီးခဲ့ဖူးသည့် သမိုင်းကြောင်းရှိခဲ့သည်။ လက်ရှိတွင် နိုင်ငံတကာထောက်ပံ့မှုများ လျော့နည်းလာချိန်၌ သဘာဝပိုးမွှားအန္တရာယ်ပါ ထပ်မံကြုံတွေ့ရသဖြင့် ကရင်နီတောင်သူများ၏ ရိက္ခာဖူလုံရေးအတွက် ပိုမိုစိုးရိမ်ဖွယ်ဖြစ်နေကြောင်း လူ့အခွင့်အရေးအဖွဲ့ (KnHRG) က သတိပေးထားသည်။

news-view-count-icon

79