လာမည့် ခရီးသွားရာသီတွင် မြန်မာနိုင်ငံရှိ ခရီးသွားဒေသများသို့ ပြည်ပမှ နိုင်ငံခြားသားခရီးသွားများ ပြန်လည်ဝင်ရောက်လာစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ ခရီးသွားပြပွဲကို ရန်ကုန်မြို့ Sedona Hotel ၌ လာမည့် ဇွန်လ ၁၃ ရက်မှ ၁၄ ရက်အထိ နှစ်ရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါပြပွဲတွင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်းနှင့် စင်ကာပူ အပါအဝင် ပြည်ပနိုင်ငံပေါင်းစုံမှ ကုမ္ပဏီများ ပါဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အဓိက ခရီးသွားဒေသများဖြစ်သော ပုဂံ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ အင်းလေးနှင့် ငွေဆောင်ကမ်းခြေတို့ကို အဓိကထား မြှင့်တင်ဖော်ဆောင်သွားမည်ဖြစ်သည်။ ထို့ပြင် ပြပွဲ၌ လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ ဘဏ်နှင့် အာမခံလုပ်ငန်းများ၊ ကျန်းမာရေးကဏ္ဍနှင့် စွန့်ဦးတီထွင်ပြခန်းပေါင်း ၁၀၀ ကျော် ပါဝင်ပြသမည်ဖြစ်ရာ ကိုဗစ်ကာလနောက်ပိုင်း ကျဆင်းသွားသည့် ပြည်ပခရီးသွားကဏ္ဍ ပြန်လည်ဦးမော့လာစေရန် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) က စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်းသို့ နိုင်ငံခြားခရီးသွားများ ပြန်လည်ဝင်ရောက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ခရီးသွားပြပွဲ ကျင်းပမည်
May 21 • 2:53 AM
South Korea
Local News
Share
| 18 | 0 | 0 | 0 |


