စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးက နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးရန် ရက်ချိန်းလျှောက်ထားသူ များပြားလာခြင်းကြောင့် ဆက်သွယ်ဆောင်ရွက်ရမည့် WhatsApp နံပါတ်အသစ် တစ်ခုကို ထပ်မံတိုးမြှင့် သတ်မှတ်ပေးလိုက်ကြောင်း ကြေညာထားသည်။သံရုံး၏ ထုတ်ပြန်ချက်အရ ယခင်အသုံးပြုခဲ့သည့် WhatsApp နံပါတ် (+6582468581) သို့ ကိစ္စရပ်နှင့် သက်ဆိုင်မှုမရှိသော မက်ဆေ့ချ်များနှင့် ဖုန်းခေါ်ဆိုမှုများ ပြည့်နှက်နေပြီး ပေးပို့သူဦးရေ ၁၀,၀၀၀ ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ မက်ဆေ့ချ်များ အလွန်အမင်း များပြားလာခြင်းကြောင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်မှ မေလ ၁ ရက်အတွင်းပေးပို့ထားသည့် အချက်အလက်အချို့ ပျောက်ဆုံးမှုများ ရှိခဲ့သည်ဟု သံရုံးက ဆိုသည်။
သို့ဖြစ်ပါ၍ အဆိုပါကာလအတွင်း ရက်ချိန်းအတွက် အချက်အလက်များ ပေးပို့ထားသော်လည်း ယနေ့ထက်ထိ တစ်စုံတစ်ရာ ပြန်ကြားချက် မရရှိသေးသူများအနေဖြင့် ၎င်းတို့၏ အချက်အလက်များကို ယခင် WhatsApp နံပါတ်ဟောင်းသို့ပင် ပြန်လည်ပေးပို့ကြရန် အသိပေး နှိုးဆော်ထားပါသည်။


