ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ ကထူးဘန်ဒေသရှိ အလူမီနီယံထုတ်လုပ်သည့် စက်ရုံတစ်ခုတွင် မေလ ၂၀ ရက် နံနက် ၁၀ နာရီခန့်က မီးပြင်းထန်စွာ လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ အဆိုပါမီးလောင်မှုကို မီးသတ်ယာဉ် ၁၀ စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရပြီး စက်ရုံခေါင်မိုးနှင့် ပစ္စည်းများ ပြိုကျပျက်စီးခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ထိခိုက်ဒဏ်ရာရရှိသူ ဆုံးရှုံးမှုတော့ မရှိခဲ့ပေ။ သို့သော်လည်း စက်ရုံအတွင်း အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားခေါင်းဆောင်တစ်ဦး စားပွဲခုံထဲတွင် သိမ်းဆည်းထားသော အိတ်မှာ မီးထဲပါသွားခဲ့သည်။ ၎င်းအိတ်ထဲတွင် ငွေသား ဘတ် ၂ သိန်းနှင့် ဘတ် ၇ သိန်းခန့် တန်ဖိုးရှိ ရွှေဆွဲကြိုး ၁၀ ဘတ်သားတို့ ပါရှိသွားခြင်းဖြစ်ပြီး မီးငြိမ်းပြီးနောက် ရှာဖွေခဲ့သော်လည်း တစ်ခုမျှ ပြန်မတွေ့ရတော့ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါစက်ရုံ မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းကို တာဝန်ရှိသူများက ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။
ထိုင်းနိုင်ငံ၊မဟာချိုင်ဒေသတွင် စက်ရုံမီးလောင်မှုဖြစ်ပွားပြီး မြန်မာလုပ်သားတစ်ဦး၏ ဘတ် ၉ သိန်းခန့် တန်ဖိုးရှိ ရွှေနှင့် ငွေသားများ မီးထဲပါသွား
May 21 • 2:16 AM
Thailand
Local News
Share
| 4 | 0 | 0 | 0 |


