ထိုင်းနိုင်ငံ စားသုံးသူကာကွယ်ရေးရဲတပ်ဖွဲ့နှင့် FDA တို့ ပူးပေါင်းပြီး ဘန်ကောက်ရှိ နေရာအချို့ကို မေလ ၂၀ ရက်တွင် ဝင်ရောက်စီးနင်းခဲ့ရာ ထိုင်းဘတ် ၂၂ သန်းကျော် တန်ဖိုးရှိ တရားမဝင် အသားဖြူဆေးရည် (Glutathione) အတုနှင့် ဆေးပစ္စည်း ၃၅,၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ပစ္စည်းပိုင်ရှင်သည် ဆေးဝါးအဖြစ် မှတ်ပုံတင်ရန် ခက်ခဲသဖြင့် အလှကုန်ပစ္စည်းအဖြစ် လှည့်စားမှတ်ပုံတင်ကာ ကုမ္ပဏီတစ်ခုကို ငှားရမ်းထုတ်လုပ်ခိုင်းခဲ့ခြင်းဖြစ်သည်။ ထို့နောက် နိုင်ငံခြားဖြစ် အသားဖြူဗီတာမင်ထိုးဆေးများဟု လိမ်လည်ကာ ဘန်ကောက်မြို့ရှိ အလှအပဆေးခန်းများနှင့် လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဖြူးရောင်းချခဲ့သည်။ အလှအပဆေးခန်းများကလည်း ၎င်းဆေးရည်များကို ဆားရည်နှင့်ရောစပ်ကာ လာရောက်ပြသသူများ၏ ခန္ဓာကိုယ်ထဲသို့ အသားဖြူဆေးအဖြစ် ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။ တာဝန်ရှိသူများက အရေပြားပေါ်လိမ်းရမည့် အလှကုန်များကို ခန္ဓာကိုယ်ထဲထိုးနှံပါက သွေးထဲပိုးဝင်ပြီး အသက်အန္တရာယ်စိုးရိမ်ရသဖြင့် သတိပြုကြရန်နှင့် ပြစ်မှုကျူးလွန်သူများကို ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု သတိပေးထားသည်။

ထိုင်းနိုင်ငံ ဘန်ကောက်ရှိ အလှအပဆေးခန်းများသို့ ဖြန့်ဖြူးနေသည့် အသားဖြူဆေးအတု ထုတ်လုပ်သည့်နေရာကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း
May 21 • 1:30 AM
Thailand
Local News
Share
| 8 | 0 | 0 | 0 |


