နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သရက်ကွင်းကျေးရွာအနီးရှိ ဆင်သေရေလွှဲဆည် ရေသောက်စနစ်အတွင်းမှ စိုက်ပျိုးပြီးဖြစ်သည့် နွေစပါး (၈,၄၈၈) ဧကနှင့် နွေအခြားသီးနှံ (၁,၂၂၈) ဧက၊ စုစုပေါင်း ဧက ၉,၇၀၀ ကျော်အတွက် အောင်ရေလုံလောက်စွာ ရရှိစေရန် စိုက်ပျိုးရေများကို ဆက်လက်ပေးဝေလျက်ရှိကြောင်း သိရသည်။အဆိုပါ စိုက်ပျိုးရေ ပေးဝေနေမှုအခြေအနေများနှင့် ဆင်သေရေလွှဲဆည်အသစ် တည်ဆောက်နေမှု လုပ်ငန်းခွင်သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က မေလ ၁၈ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ နွေစပါးနှင့် နွေသီးနှံ ဧက ၉,၇၀၀ ကျော်အတွက် ဆင်သေရေလွှဲဆည်မှ စိုက်ပျိုးရေ ဆက်လက်ပေးဝေနေ
May 20 • 7:43 AM
Myanmar
Naypyidaw
Share
| 18 | 0 | 0 | 0 |


