back

မလေးရှားနိုင်ငံ ဒေသအများအပြားတွင် မိုးသက်မုန်တိုင်းနှင့် ရာသီဥတုဆိုးရွားနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်

May 19 • 7:00 AM

breaking-news

Malaysia

Local

cover

မလေးရှားနိုင်ငံ ဒေသအများအပြားတွင် မိုးသက်မုန်တိုင်းနှင့် ရာသီဥတုဆိုးရွားနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်

မလေးရှားနိုင်ငံ မိုးလေဝသဌာန (MetMalaysia) သည် ကလန်ဗယ်လီ (Klang Valley)၊ ဂျိုဟိုး (Johor) နှင့် မလေးရှားအရှေ့ပိုင်း ဒေသအများအပြားတွင် မိုးသက်မုန်တိုင်းကျရောက်ပြီ...

မလေးရှားနိုင်ငံ မိုးလေဝသဌာန (MetMalaysia) သည် ကလန်ဗယ်လီ (Klang Valley)၊ ဂျိုဟိုး (Johor) နှင့် မလေးရှားအရှေ့ပိုင်း ဒေသအများအပြားတွင် မိုးသက်မုန်တိုင်းကျရောက်ပြီး မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခိုက်ခြင်းနှင့် လျှပ်စီးလက်ခြင်းများ ဖြစ်ပွားနိုင်ကြောင်း ၂၀၂၆ ခုနှစ် မေလ ၁၈ ရက်နေ့ ညနေပိုင်းတွင် သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရပြီး အဆိုပါသတိပေးချက်အရ ကွာလာလမ်ပူ၊ ပူထရာဂျာယား ဖက်ဒရယ်နယ်မြေများနှင့် ဆလန်ဂေါ (Selangor) ပြည်နယ်ရှိ ခရိုင် ၇ ခုအပြင် ဂျိုဟိုးပြည်နယ်ရှိ ဆီဂါမတ်၊ ကလူအန်၊ မာဆင်း ခရိုင်များ ပါဝင်ကာ မလေးရှားအရှေ့ပိုင်းရှိ ဆာရာဝက် (Sarawak) နှင့် ဆာဘား (Sabah) ပြည်နယ်တို့မှ ဒေသအများအပြားလည်း ပါဝင်ကြောင်း သိရကာ မိုးရေချိန် တစ်နာရီလျှင် ၂၀ မီလီမီတာထက်ကျော်လွန်၍ မိုးရွာသွန်းနိုင်သဖြင့် လျှပ်တစ်ပြက်ရေကြီးမှုများ ဖြစ်ပွားနိုင်သောကြောင့် ပြည်သူများအနေဖြင့် အိမ်တွင်း၌သာ နေထိုင်ကြရန်နှင့် အန္တရာယ်ရှိသော နေရာများကို ရှောင်ရှားကြရန် နှိုးဆော်ထားကြောင်း သိရသည်။

news-view-count-icon

15