ဗီယက်နမ်နိုင်ငံ တောင်ပိုင်း၏ စီးပွားရေးဗဟိုချက်ဖြစ်သော ဟိုချီမင်းစီးတီးသည် အာရှ-ပစိဖိတ်ဒေသအတွင်း ထိပ်တန်းရေရှည်တည်တံ့ပြီး ဆန်းသစ်တီထွင်မှုရှိကာ နေချင်စဖွယ်ကောင်းသော မဟာမြို့ကြီးတစ်ခုအဖြစ် ပြောင်းလဲရန် နှစ် ၁၀၀ မျှော်မှန်းချက် ထည့်သွင်းထားသည့် ၂၀၂၅-၂၀၅၀ မာစတာပလန် မူဘောင်ကို အတည်ပြုလိုက်ကြောင်း ဒေသတွင်းမီဒီယာတစ်ခုဖြစ်သည့် VnEconomy က တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။မြို့တော်ပြည်သူ့ကော်မတီက အတည်ပြုခဲ့သည့် အဆိုပါမူဘောင်အရ ဟိုချီမင်းစီးတီးသည် ၂၀၂၅ ခုနှစ်မှ ၂၀၅၀ ပြည့်နှစ်အတွင်း ဒေသတွင်း စုစုပေါင်းပြည်တွင်းထုတ်ကုန် (GRDP) ကို တစ်နှစ်လျှင် အနည်းဆုံး ၁၀ ရာခိုင်နှုန်း နှုန်းဖြင့် တိုးတက်ရန် ရည်မှန်းထားသည်။ အခြေအနေများ ကောင်းမွန်ပါက ၂၀၅၀ ပြည့်နှစ်တွင် စုစုပေါင်း GRDP သည် အမေရိကန်ဒေါ်လာ ၁.၂ ထရီလျံခန့်အထိ ရှိလာမည်ဟု ခန့်မှန်းထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
May 19 • 5:10 AM
Vietnam
Local News
Share
| 13 | 0 | 0 | 0 |


