ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းကို ကျေးရွာပေါင်း ၂၁၄ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ အသေးစား စက်မှုလက်မှုဦးစီးဌာနကနေ သိရပါတယ်။ကျေးရွာတွေမှာ မိသားစုဝင်ငွေတိုးရေးစီမံကိန်းအဖြစ် အသေးစားကုန်ထုတ်လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့အတွက် အမျိုးသမီးတွေအတွက် စက်ချုပ်သင်တန်းတွေနဲ့ စားသောက်ကုန်၊ လူသုံးကုန် ထုတ်လုပ်တဲ့သင်တန်းတွေကို ပို့ချပေးနေသလို အမျိုးသားတွေအတွက် မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းမှုသင်တန်းတွေ တစ်လုံးထိုးအင်ဂျင်နဲ့ အိမ်တွင်းလျှပ်စစ်သင်တန်းတွေ ကိုပို့ချပေးခဲ့ တယ်လို့ဆိုပါတယ်။ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်းကို ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်က ကျေးရွာ (၁၅၁)ရွာမှာ စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်ထိ (၃)နှစ်တာအတွင်း ကျေးရွာပေါင်း ၅၀၀ကျော်မှာ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
May 19 • 4:05 AM
Myanmar
Local
Share
| 53 | 0 | 0 | 0 |


