back

လာအိုနိုင်ငံ၊ဗီယန်ကျင်းပြည်နယ်တွင် ငါးများအုပ်စုလိုက်သေဆုံးမှုမှာ ဝက်မွေးမြူရေးခြံမှ စွန့်ပစ်ရေဆိုးများကြောင့်ဖြစ်ကြောင်း အာဏာပိုင်များ အတည်ပြု

May 19 • 2:33 AM

breaking-news

Laos

Local News

cover

လာအိုနိုင်ငံ၊ဗီယန်ကျင်းပြည်နယ်တွင် ငါးများအုပ်စုလိုက်သေဆုံးမှုမှာ ဝက်မွေးမြူရေးခြံမှ စွန့်ပစ်ရေဆိုးများကြောင့်ဖြစ်ကြောင်း အာဏာပိုင်များ အတည်ပြု

လာအိုနိုင်ငံ၊ ဗီယန်ကျင်းပြည်နယ်ရှိ Nam Cheng မြစ်အတွင်း ငါးများအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် အဓိကအကြောင်းအရင်းမှာ အနီးအနားရှိ ဝက်မွေးမြူရေးခြံတစ်ခုမှ သန့်စင...

လာအိုနိုင်ငံ၊ ဗီယန်ကျင်းပြည်နယ်ရှိ Nam Cheng မြစ်အတွင်း ငါးများအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် အဓိကအကြောင်းအရင်းမှာ အနီးအနားရှိ ဝက်မွေးမြူရေးခြံတစ်ခုမှ သန့်စင်ခြင်းမရှိဘဲ စွန့်ပစ်လိုက်သော ရေဆိုးများကြောင့်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ် မေလ ၁၈ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရပြီး မေလအစောပိုင်းက ရွာသွန်းခဲ့သည့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် "Zhang Weixing" ဝက်မွေးမြူရေးစီမံကိန်း၏ ရေဆိုးကန်မှ အညစ်အကြေးများ လျှံထွက်ကာ မြစ်အတွင်းသို့ တိုက်ရိုက်စီးဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ ရေအရည်အသွေး စစ်ဆေးချက်များအရ ရေထုအတွင်း အယ်လ်ကာလိုင်းဓာတ် (pH 9 to 11) မြင့်မားသွားပြီး အောက်ဆီဂျင်ပမာဏ အလွန်အမင်း ကျဆင်းသွားခြင်းကြောင့် ရေနေသတ္တဝါများ ရှင်သန်နိုင်ခြင်းမရှိဘဲ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည့်အပြင် လက်ရှိတွင် ပြည်နယ်အာဏာပိုင်များက အဆိုပါဝက်ခြံလုပ်ငန်းကို ယာယီပိတ်သိမ်းထားကာ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုစနစ်များကို ပြန်လည်စစ်ဆေးလျက်ရှိပြီး ဥပဒေကြောင်းအရ အရေးယူနိုင်ရန် ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

news-view-count-icon

13