back

မြန်မာအမျိုးသမီးအသင်း၌ မေထက်လူ ရောက်လာပြီဖြစ်လို့ လေ့ကျင့်ရေးကွင်းမှာ လူစုံသွား

May 19 • 2:25 AM

breaking-news

Myanmar

Local

cover

မြန်မာအမျိုးသမီးအသင်း၌ မေထက်လူ ရောက်လာပြီဖြစ်လို့ လေ့ကျင့်ရေးကွင်းမှာ လူစုံသွား

၂၀၂၆ သုံးနိုင်ငံ ချစ်ကြည်ရေးဖိတ်ခေါ်ပြိုင်ပွဲအတွက် လေ့ကျင့်မှုများ ပြုလုပ်နေလျက်ရှိတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းထံ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ တ...

၂၀၂၆ သုံးနိုင်ငံ ချစ်ကြည်ရေးဖိတ်ခေါ်ပြိုင်ပွဲအတွက် လေ့ကျင့်မှုများ ပြုလုပ်နေလျက်ရှိတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းထံ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ တိုက်စစ်မှူး မေထက်လူ ရောက်ရှိလာပြီဖြစ်လို့ လေ့ကျင့်ရေးကွင်းမှာ လူစုံသွားပြီဖြစ်ကြောင်း သိရပါတယ်။မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို ယာယီနည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်းက တာဝန်ယူကိုင်တွယ်နေပြီး ပြီးခဲ့တဲ့ဧပြီ ၂၇ ရက်ကစလို့ ပဏာမကစားသမား ၃၅ ဦးနဲ့ လေ့ကျင့်မှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ ဇွန် ၃ ရက်မှာ ဥဇဘက်ကစ္စတန်အသင်း၊ ဇွန် ၉ ရက်မှာ ထိုင်းအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

news-view-count-icon

40