back

တောင်ကိုရီးယားသမ္မတ လူထုထောက်ခံမှုနှုန်းလွန်စွာ ကျဆင်းသွား

May 18 • 5:34 AM

breaking-news

South Korea

Local News

cover

တောင်ကိုရီးယားသမ္မတ လူထုထောက်ခံမှုနှုန်းလွန်စွာ ကျဆင်းသွား

တောင်ကိုရီးယားသမ္မတ လီဂျေမျောင်း၏ လူထုထောက်ခံမှုနှုန်းသည် ပြီးခဲ့သည့်ရက်သတ္တပတ်က ယခင်အပတ်ထက် ၁.၁ ရာခိုင်နှုန်း လျော့နည်းသွားပြီး ၇၂.၅ ရာခိုင်နှုန်းသို့ ကျဆင်းသွ...

တောင်ကိုရီးယားသမ္မတ လီဂျေမျောင်း၏ လူထုထောက်ခံမှုနှုန်းသည် ပြီးခဲ့သည့်ရက်သတ္တပတ်က ယခင်အပတ်ထက် ၁.၁ ရာခိုင်နှုန်း လျော့နည်းသွားပြီး ၇၂.၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း တနင်္လာနေ့တွင် ထုတ်ပြန်သည့် အပတ်စဉ် လူထုသဘောထားစစ်တမ်းတစ်ခုအရ သိရသည်။ဒေသတွင်း စစ်တမ်းကောက်ယူရေးအဖွဲ့တစ်ခုဖြစ်သည့် Flower Research ၏ ကွန်ပျူတာအကူအညီသုံး တယ်လီဖုန်းလူတွေ့မေးမြန်းမှု (CATI) စနစ်ဖြင့် ကောက်ယူချက်အရ သမ္မတ လီ၏ နိုင်ငံစီမံခန့်ခွဲမှုကို မလိုလားသည့် အဆိုးမြင်သုံးသပ်မှု သည် ၁.၄ ရာခိုင်နှုန်း တိုးလာပြီး ၂.၅ ရာခိုင်နှုန်း ရှိလာကြောင်း သိရသည်။

news-view-count-icon

1