back

ပတ္တရားတွင် လူကုန်ကူးမှုဖြင့် အလိုရှိနေသည့် ထိုင်းအမျိုးသားကို AI စောင့်ကြည့်ကင်မရာစနစ်ဖြင့် ဖမ်းဆီးရမိ

May 18 • 5:15 AM

breaking-news

Thailand

Local News

cover

ပတ္တရားတွင် လူကုန်ကူးမှုဖြင့် အလိုရှိနေသည့် ထိုင်းအမျိုးသားကို AI စောင့်ကြည့်ကင်မရာစနစ်ဖြင့် ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ Walking Street အနီးတွင် လူကုန်ကူးမှု၊ အသက်မပြည့်သေးသူများကို ခေါ်ယူအမြတ်ထုတ်မှု၊ အဓမ္မစေခိုင်းမှု အပါအဝင် ပြစ်မှုကြီးအများအပြားဖြင့်...

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ Walking Street အနီးတွင် လူကုန်ကူးမှု၊ အသက်မပြည့်သေးသူများကို ခေါ်ယူအမြတ်ထုတ်မှု၊ အဓမ္မစေခိုင်းမှု အပါအဝင် ပြစ်မှုကြီးအများအပြားဖြင့် ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့ကတည်းက ရာဇဝတ်တရားရုံးမှ ဖမ်းဝရမ်းထုတ်ခြင်းခံထားရသည့် အသက် ၃၈ နှစ်အရွယ် ထိုင်းနိုင်ငံသား ဆုမ်ချတ် ဆေးလီ (Somchat Saelee) ဆိုသူအား မေလ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် ပတ္တရားခရီးသွားရဲတပ်ဖွဲ့က အေအိုင် (AI) စောင့်ကြည့်ကင်မရာစနစ်ဖြင့် စိစစ်ဖော်ထုတ်ကာ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူသည် လူများနှင့် အသက်မပြည့်သေးသူများကို တရားမဝင် အမြတ်ထုတ်နေသည့် ဂိုဏ်းတစ်ခုနှင့် ဆက်နွှယ်နေပြီး ၎င်းအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ (ATPD) ၏ စုံစမ်းစစ်ဆေးရေးမှူးများထံ လွှဲပြောင်းပေးအပ်ထားကြောင်း သတင်းရရှိသည်။

news-view-count-icon

20