back

ပြုံယမ်းအမျိုးသမီးဘောလုံးအသင်း ဆိုးလ်သို့ ရောက်ရှိ

May 18 • 4:48 AM

breaking-news

South Korea

Local News

cover

ပြုံယမ်းအမျိုးသမီးဘောလုံးအသင်း ဆိုးလ်သို့ ရောက်ရှိ

အာရှချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲကစားရန်အတွက် မြောက်ကိုရီးယားနိုင်ငံမှ အမျိုးသမီးဘောလုံးအသင်းသည် ရှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တနင်္ဂနွေနေ့တွင် တောင်ပိုင်းအ...

အာရှချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲကစားရန်အတွက် မြောက်ကိုရီးယားနိုင်ငံမှ အမျိုးသမီးဘောလုံးအသင်းသည် ရှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တနင်္ဂနွေနေ့တွင် တောင်ပိုင်းအိမ်နီးချင်းနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ကိုရီးယားဘာသာစကားအရ ကျွန်ုပ်တို့ ဇာတိမြို့ ဟု အဓိပ္ပါယ်ရသော နာဂိုယန်း အမျိုးသမီးဘောလုံးအသင်းသည် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းနိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး သတင်းထောက်များနှင့် ပရိသတ်များက ကြိုဆိုပါသည်ဟူသော ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဝန်းရံခဲ့ကြသည်ဟု အေအက်ဖ်ပီသတင်းထောက်တစ်ဦးက ပြောကြားသည်။ အနက်ရောင်ဂျာကင်အင်္ကျီများနှင့် စကတ်များ ဝတ်ဆင်ထားကြသော မြောက်ကိုရီးယား ကစားသမားများနှင့် ဝန်ထမ်း စုစုပေါင်း ၃၉ ဦးသည် လေဆိပ်မှ ထွက်ခွာလာခဲ့ချိန်တွင် တောင်ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများစွာက ပရိသတ်များက ကြိုဆိုသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ကြိုဆိုခဲ့ကြသည်။ 

     

news-view-count-icon

14