ယခုရာသီကုန်မှာ အသင်းက ထွက်ခွာတော့မယ့် လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာက အသင်းအနေနဲ့ ဘောလုံးလောကရဲ့ "heavy metal" ဆိုတဲ့ အမှတ်တံဆိပ်ကို ပြန်လည်ရှာဖွေဖို့ လိုတယ်လို့ တိုက်တွန်းခဲ့ပါတယ်။၎င်းက အက်စတွန်ဗီလာကို ၂-၄ ဂိုးနဲ့ အရေးနိမ့်တဲ့ပွဲက အသင်းကစားပုံကိုလည်း ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ဆာလာဟာ အဲဒီပွဲမှာ ပွဲထွက်ကစားခွင့်မရဘဲ အရန်ခုံသာ ထိုင်ခဲ့ရပြီး ၇၄ မိနစ်ရောက်မှ ဂက်ပိုအစား လူစားဝင်ကစားခဲ့တာပါ။ဆာလာဟာ လူမှုကွန်ရက် X ကနေ အသင်းနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့တာဖြစ်တယ်။လီဗာပူးလ်ဂန္ထဝင် ဂျရတ်ကတော့ ဆာလာရဲ့ဝေဖန်မှုကို တုံ့ပြန်ခဲ့ပြီးအပြုသဘောမဆောင်ဘူးလို့ သုံးသပ်ခဲ့ပါတယ်။ဆာလာဟာ လီဗာပူးလ်အသင်းနဲ့ ကိုးနှစ်ကြာ ကစားခဲ့ပြီး ဒီကာလအတွင်း အဆင့် ငါးသာရခဲ့တဲ့ ၂၀၂၃-၂၄ တစ်ရာသီသာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။ 
လီဗာပူးလ်အနေနဲ့ ဘောလုံးလောကရဲ့ "heavy metal" ဆိုတဲ့ အမှတ်တံဆိပ်ကို ပြန်လည်ရှာဖွေဖို့ လိုတယ်လို့ ဆာလာ တိုက်တွန်း
May 18 • 1:46 AM
Myanmar
International
Share
| 25 | 0 | 0 | 0 |


