ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DR Congo) တွင် ဖြစ်ပွားနေသော အီဘိုလာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို နိုင်ငံတကာက စိုးရိမ်ရသည့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာလိုက်သည်။ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်း အီတူရီ(Ituri) ပြည်နယ်တွင် ဖြစ်ပွားနေသော အဆိုပါကူးစက်ရောဂါသည် သံသယဖြစ်ဖွယ်လူနာ ၂၄၆ ဦးခန့်နှင့် သေဆုံးသူ ၈၀ ဦး ရှိကြောင်း အစီရင်ခံထားသော်လည်း ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအသွင် အရေးပေါ်အခြေအနေ သတ်မှတ်ချက် စံနှုန်းများနှင့်မူ ကိုက်ညီမှုမရှိသေးကြောင်း ၎င်းအေဂျင်စီက ပြောကြားခဲ့သည်။ယခုလက်ရှိ ဖြစ်ပွားနေသော အီဘိုလာဗိုင်းရပ်စ်မျိုးကွဲမှာ ဘွန်ဒီဘူဂျို(Bundibugyo) ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး ၎င်းဗိုင်းရပ်စ်အတွက် အတည်ပြုခွင့်ပြုထားသည့် ဆေးဝါး သို့မဟုတ် ကာကွယ်ဆေး မရှိသေးကြောင်း WHOက ပြောကြားသည်။အစောပိုင်းလက္ခဏာများတွင် ဖျားခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် လည်ချောင်းနာခြင်းတို့ ပါဝင်ပြီး၊ ၎င်းနောက်တွင် အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ အရေပြားပေါ်တွင် အနီကွက်များထွက်ခြင်းနှင့် သွေးထွက်ခြင်းတို့ ဖြစ်ပွားတတ်သည်။အီတူရီ ပြည်နယ်၏ မြို့တော် ဘူနီယာ(Bunia) နှင့် ရွှေတွင်းတူးဖော်ရာမြို့များဖြစ်သည့် မွန်ဂွာလူ(Mongwalu) နှင့် ရမ်ပါရာ(Rwampara) အပါအဝင် ကျန်းမာရေးဇုန် သုံးခု၌ အခြားသံသယဖြစ်ဖွယ်လူနာများနှင့် ေ-သဆုံးမှုများရှိနေပြီး၊ လက်ရှိတွင် ဓာတ်ခွဲခန်း၌ အတည်ပြုပြီးသည့် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈ ဦး ရှိနေပြီဖြစ်ကြောင်း WHO က ပြောကြားခဲ့သည်။မြို့တော် ကင်ရှာဆာ(Kinshasa) တွင်လည်း အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦး တွေ့ရှိကြောင်း အတည်ပြုထားပြီး၊ ၎င်းမှာ Ituri ပြည်နယ်မှ ပြန်လာသည့် လူနာတစ်ဦးဖြစ်သည်ဟု ယူဆရသည်။အဆိုပါဗိုင်းရပ်စ်သည် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံပြင်ပသို့ ပြန့်နှံ့သွားခဲ့ပြီး အိမ်နီးချင်း ယူဂန်ဒါ (Uganda) နိုင်ငံတွင်လည်း အတည်ပြုလူနာ နှစ်ဦးရှိကြောင်း သတင်းပို့ထားသည်ဟု WHO က ပြောကြားသည်။ ကြာသပတေးနေ့က ေ-သဆုံးသွားခဲ့သော အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ဗိုင်းရပ်စ်ပိုး ပေါ့စတစ်တွေ့ရှိခဲ့ကြောင်း ယူဂန်ဒါတာဝန်ရှိသူများက ပြောသည်။ရောဂါပြန့်ပွားမှုကို အနည်းဆုံးဖြစ်စေရန်အတွက် အတည်ပြုလူနာများကို ချက်ချင်း သီးသန့်ခွဲထားရမည်ဖြစ်ပြီး၊ အနည်းဆုံး ၄၈ နာရီခြား၍ စစ်ဆေးထားသော ဘွန်ဒီဘူဂျို (Bundibugyo) ဗိုင်းရပ်စ်ဆိုင်ရာ သီးသန့်ဓာတ်ခွဲစမ်းသပ်မှု နှစ်ကြိမ်စလုံးတွင် ပိုးမတွေ့ရှိသည့်တိုင်အောင် ကုသမှုပေးရမည်ဖြစ်ကြောင်း ကျန်းမာရေးအေဂျင်စီက ပြောကြားသည်။အီဘိုလာဗိုင်းရပ်စ်ကို ၁၉၇၆ ခုနှစ်တွင် ယခုလက်ရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံဟု ခေါ်တွင်သော နေရာ၌ ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး လင်းနို့များထံမှတစ်ဆင့် ပြန့်ပွားခဲ့ခြင်းဖြစ်သည်ဟု ယူဆကြသည်။ ယခုဖြစ်ပွားမှုသည် အဆိုပါနိုင်ငံ၌ သေစေနိုင်သော ဤဗိုင်းရပ်စ်ရောဂါ ၁၇ ကြိမ်မြောက် ကူးစက်ပြန့်ပွားခြင်း ဖြစ်သည်။အီဘိုလာရောဂါအတွက် ကုသပျောက်ကင်းမည့်ဆေး မရှိသေးဘဲ၊ WHO ၏ အဆိုအရ ပျမ်းမျှေ-သဆုံးနှုန်းမှာ ၅၀% ခန့် ရှိသည်။လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ အတွင်း အာဖရိကနိုင်ငံများတွင် အဆိုပါဗိုင်းရပ်စ်ကြောင့် လူပေါင်း ၁၅,၀၀၀ ခန့် ေ-သဆုံးခဲ့ရသည်။ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ သေကြေပျ-က်စီးမှုအများဆုံး ရောဂါကူးစက်မှုမှာ ၂၀၁၈ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ထိုစဉ်က လူပေါင်း ၃,၃၀၀ နီးပါး ေ-သဆုံးခဲ့သည်။
ပြီးခဲ့သည့်နှစ်ကလည်း ဝေးလံခေါင်သီသော ဒေသတစ်ခုတွင် ရောဂါကူးစက်ပြန့်ပွားမှု ဖြစ်ပွားခဲ့ပြီးနောက် လူ ၄၅ ဦး ေ-သဆုံးခဲ့သည်။



