back

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ခြေစွမ်းပြနေ၊ ဒုတိယနေ့တွင်လည်း ပြိုင်ဘက်များကို (၂) ပွဲပြ တ်ဖြင့် အနိုင်ရကာ နိုင်ပွဲဆက်

May 17 • 12:16 PM

breaking-news

Myanmar

Local

cover

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ခြေစွမ်းပြနေ၊ ဒုတိယနေ့တွင်လည်း ပြိုင်ဘက်များကို (၂) ပွဲပြ တ်ဖြင့် အနိုင်ရကာ နိုင်ပွဲဆက်

ယနေ့ ကျင်းပပြုလုပ်သည့် အမျိုးသား (၄) ယောက်တွဲ ပွဲစဉ်များတွင် မြန်မာအသင်းသည် အုပ်စုတွင်း ပြိုင်ဘက်များဖြစ်ကြသော ဘရူနိုင်းအသင်းနှင့် ဗီယက်နမ်အသင်းတို့ကို ရင်ဆိုင်...

ယနေ့ ကျင်းပပြုလုပ်သည့် အမျိုးသား (၄) ယောက်တွဲ ပွဲစဉ်များတွင် မြန်မာအသင်းသည် အုပ်စုတွင်း ပြိုင်ဘက်များဖြစ်ကြသော ဘရူနိုင်းအသင်းနှင့် ဗီယက်နမ်အသင်းတို့ကို ရင်ဆိုင်ခဲ့ရသည်။မြန်မာအသင်းသည် ဘရူနိုင်းနှင့် ဗီယက်နမ် နှစ်သင်းစလုံးကို အမှားအယွင်းမရှိဘဲ (၂) ပွဲပြတ်ရလဒ်များဖြင့် အပြတ် အသတ် အနိုင်ယူကာ အုပ်စုတွင်း အခြေအနေ ကောင်းမွန်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ပြိုင်ပွဲပထမနေ့က ကျင်းပခဲ့သည့် အမျိုးသား (၃) ယောက်တွဲ အုပ်စုအဆင့် ပွဲစဉ်တွင်လည်း မြန်မာအသင်းသည် တရုတ်အသင်းကို (၂) ပွဲပြတ်ဖြင့် အနိုင်ရရှိထားပြီး ဖြစ်သည်။ ထို့ကြောင့် ပြိုင်ပွဲစတင်သည့် နှစ်ရက်အတွင်း ကစားခဲ့သည့် ပွဲစဉ်အားလုံးတွင် မြန်မာအသင်းက ရှုံးပွဲမရှိ နိုင်ပွဲဆက်နေခြင်း ဖြစ်သည်။







news-view-count-icon

30