back

ရှမ်းပြည်နယ်၊တာချီလိတ်တွင် ရေကြီးရေလျှံမှု ကာကွယ်နိုင်ရေးအတွက် ရေမြောင်းများအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်

May 17 • 7:53 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊တာချီလိတ်တွင် ရေကြီးရေလျှံမှု ကာကွယ်နိုင်ရေးအတွက် ရေမြောင်းများအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ရေကြီးရေလျှံမှုများမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ မေလ ၁၆ ရက်၊ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့...

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ရေကြီးရေလျှံမှုများမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ မေလ ၁၆ ရက်၊ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။ထို့သို့ သန့်ရှင်းရေး ပြုလုပ်ရာတွင် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေး၊ ရေမြောင်းများ အတွင်းရှိ အမှိုက်သရိုက်များ၊ ဒိုက်ဖတ်များ၊ ရွှံ့နွံများရှင်းလင်းခြင်းလုပ်ငန်းကို ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ UBL ပုဂ္ဂလိကအမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်း၊ လူမှုရေး အသင်းအဖွဲ့များ၊စည်ပင်သာယာရေးဌာနဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းပါဝင်၍ လူအင်အား၊ စက်ယန္တရားများဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ထို့အပြင် သတ္တုလုပ်ငန်းရှင်များ၏ ကုမ္ပဏီများ၊ မြို့မိမြို့ဖလုပ်ငန်းရှင်များ၊ လွယ်စတုံကုမ္ပဏီ၊ အခြားဒေသခံ ကုမ္ပဏီများနှင့်စည်ပင်သာယာရေးဌာနတို့က ပုန်းထွန်ရပ်ကွက်ရှိ ပင်မရေနုတ်မြောင်း ၂ ခုအား ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

news-view-count-icon

49