ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်မှာရှိတဲ့ နေရွှေဝင်း အထည်ချုပ်စက်ရုံမှာ အလုပ်သမားသမဂ္ဂဝင်တွေကို အလုပ်ထုတ်လိုက်လို့ အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ အလုပ်သမားတွေကို အလုပ်ရပ်စဲတာမရှိဘူးလို့ စက်ရုံဘက်က မေ ၁၆ ရက်မှာ အသိပေးချက်ထုတ်ပါတယ်။လက်ရှိမှာ ဆန္ဒပြတောင်းဆိုတဲ့အလုပ်သမားတွေကို လုပ်ငန်းခွင် ပြန်ဝင်နိုင်တယ်လို့ ဆိုလာပေမဲ့ အရင်ဆုံး အလုပ်ထုတ်ခံရတဲ့ အလုပ်သမားသမဂ္ဂဝင်တွေကိုတော့ ပြန်လက်ခံမဲ့သဘော မတွေ့ရဘူးလို့ အဲဒီ စက်ရုံအလုပ်သမားတယောက်က ပြောပါတယ်။အဲဒီလိုပေးမဝင်တဲ့အတွက် အလုပ်သမားတွေက မြို့နယ်သမဂ္ဂအဖွဲ့ဆီ အကူညီတောင်းခဲ့ပြီး အလုပ်သမားရုံးမှာ ညှိနှိုင်းဆွေးနွေးဖို့ လုပ်နေချိန်မှာမှ အလုပ်ရပ်စဲတာမရှိဘူးလို့ နေရွှေဝင်းစက်ရုံက ငြင်းဆိုလာသလို လုပ်ငန်းခွင်ပြန်ဝင်မယ်ဆိုရင် ကြိုဆိုတယ်လို့ ပြောပါတယ်။
May 17 • 7:16 AM
Myanmar
Yangon
Share
| 23 | 0 | 0 | 0 |


