ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ မယ်ယန်း၊ မိုင်းကိုး၊ ဝှေလေလန်နှင့် လွယ်စတုံ စသည့်ဒေသများတွင် အခြားမြေအသုံးပြုခွင့် (လန-၃၉) မရှိသည့် လယ်မြေ၊ ယာမြေများကို မြေပွဲစားများနှင့် လုပ်ငန်းရှင်များက တရားမဝင် မြေကွက်ရိုက်ကာ လူမှုကွန်ရက်စာမျက်နှာများပေါ်၌ ပေါ်ပေါ်တင်တင် အရစ်ကျစနစ်များဖြင့် အကြီးအကျယ် ရောင်းချနေကြသော်လည်း တာဝန်ရှိသူများက အရေးယူကြီးကြပ်မှု မရှိကြောင်း ဒေသခံများထံမှ သိရသည်။လုပ်ငန်းရှင်များသည် တောင်သူများထံမှ လယ်မြေများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူကာ စိုက်ပျိုးခြင်းမပြုဘဲ ပလပ်ထားပြီးနောက်၊ ဥပဒေအရ အခြားနည်းအသုံးပြုခွင့် ခွင့်ပြုမိန့် ပြန်မကျခင်မှာပင် မြေကွက်ရိုက်ရောင်းချနေကြခြင်း ဖြစ်သည်။ အဆိုပါ အရောင်းအဝယ်များကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ လက်မှတ်များဖြင့် ပြုလုပ်နေကြပြီး၊ ၎င်းလုပ်ရပ်များမှာ မြေစာရင်းဝန်ထမ်းအချို့က လာဘ်ငွေယူကာ မသိကျိုးကျွံပြုထားခြင်းကြောင့်ဖြစ်ကြောင်း ဥပဒေနားလည်သူများက ထောက်ပြကြသည်။ 
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်၌ လန-၃၉ မရှိသည့် လယ်ယာမြေများကို တရားမဝင် အကွက်ရိုက်ရောင်းချမှုများပြားနေသော်လည်း အရေးယူမှုမရှိ
May 17 • 6:57 AM
Myanmar
Shan
Share
| 35 | 0 | 0 | 0 |


