back

ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် မန်ယူနိုက်တက်အသင်း ယနေ့ တရားဝင်ကြေညာဖွယ်ရှိနေ

May 17 • 6:50 AM

breaking-news

Myanmar

International

cover

ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် မန်ယူနိုက်တက်အသင်း ယနေ့ တရားဝင်ကြေညာဖွယ်ရှိနေ

မန်ယူနိုက်တက်အသင်းသည် ယာယီနည်းပြအဖြစ်မှ ရာသီကုန်အထိ တာဝန်ယူကိုင်တွယ်ခဲ့သည့် မိုက်ကယ်ကာရစ် (Michael Carrick) ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရန် အပြီးသတ်သဘောတူညီမ...

မန်ယူနိုက်တက်အသင်းသည် ယာယီနည်းပြအဖြစ်မှ ရာသီကုန်အထိ တာဝန်ယူကိုင်တွယ်ခဲ့သည့် မိုက်ကယ်ကာရစ် (Michael Carrick) ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရန် အပြီးသတ်သဘောတူညီမှု ရရှိထားပြီးဖြစ်၍ ယနေ့တွင် တရားဝင်ထုတ်ပြန် ကြေညာဖွယ်ရှိနေသည်။ မန်ယူနိုက်တက်အသင်းသည် ယနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် နော်တင်ဟမ်ဖောရက်စ်အသင်းနှင့် ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်ကို အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ရာ၊ အဆိုပါပွဲစဉ်မတိုင်မီ သို့မဟုတ် ပွဲအပြီးတွင် ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် ကြေညာမည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။ မန်ယူနိုက်တက်သည် ကာရစ်ကို သက်တမ်းတိုးခွင့် ၁ နှစ် အပါအဝင် ၂ နှစ်စာချုပ် ချုပ်ဆိုရန် စီစဉ်ထားပြီး၊ ကာရစ်လက်ထက်တွင် အသင်း၏ရလဒ်များ ပြန်လည်ကောင်းမွန်လာကာ ချန်ပီယံလိဂ်ဝင်ခွင့် (Top 4) ကိုပါ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

news-view-count-icon

39