back

(၃) နိုင်ငံခြေစမ်းပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်မှုများစတင်၊ ပဏာမကစားသမား ၂၀ ကျော် ရွေးချယ်ထား

May 17 • 4:55 AM

breaking-news

Myanmar

Local

cover

(၃) နိုင်ငံခြေစမ်းပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်မှုများစတင်၊ ပဏာမကစားသမား ၂၀ ကျော် ရွေးချယ်ထား

ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိသည့် မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းသည် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် (၃) နိုင်ငံ ခြေစမ်...

ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိသည့် မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းသည် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် (၃) နိုင်ငံ ခြေစမ်းပြိုင်ပွဲအတွက် မေလ ၁၁ ရက်ကတည်းက စတင်ကာ လေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း ကိုင်တွယ်နေသည့် မြန်မာအသင်းတွင် လက်ရှိ၌ ပဏာမကစားသမား ၂၀ ကျော် ရွေးချယ်ထားသည်။ အဆိုပါပြိုင်ပွဲကို အိမ်ရှင်ဖိလစ်ပိုင်၊ မြန်မာနှင့် ဂူအမ်အသင်းတို့ဖြင့် ဇွန်လ ၃ ရက်မှ ၉ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ ရီဇယ်မီမိုရီရယ်ကွင်း၌ ကျင်းပမည်ဖြစ်ပြီး၊ မြန်မာအသင်းသည် ဇွန်လ ၆ ရက်တွင် ဂူအမ်အသင်းနှင့်လည်းကောင်း၊ ဇွန်လ ၉ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာနှင့် ဖိလစ်ပိုင်အသင်းတို့သည် ယခုနှစ်အတွင်း အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲနှင့် ဖီဖာအာဆီယံဖလားပြိုင်ပွဲများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိနေကြောင်း သိရှိရပါသည်။

news-view-count-icon

30