back

မြန်မာသံအမတ်က စင်ကာပူနိုင်ငံခြားရေးဝန်ကြီး အရှေ့‌တောင်အာရှဌာန ညွှန်ကြားရေးမှုးချုပ်ကို သွားရောက်တွေ့ဆုံ

May 17 • 4:43 AM

breaking-news

Singapore

Local News

cover

မြန်မာသံအမတ်က စင်ကာပူနိုင်ငံခြားရေးဝန်ကြီး အရှေ့‌တောင်အာရှဌာန ညွှန်ကြားရေးမှုးချုပ်ကို သွားရောက်တွေ့ဆုံ

မြန်မာသံရုံး၊ စင်ကာပူမြို့ သံရုံးယာယီတာဝန်ခံ/ သံအမတ်သည်  စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဌာန ညွှန်ကြားရေးမှူးချုပ်အား ယမန်နေ့က  သွားရောက်တွေ့ဆုံခ...

မြန်မာသံရုံး၊ စင်ကာပူမြို့ သံရုံးယာယီတာဝန်ခံ/ သံအမတ်သည်  စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဌာန ညွှန်ကြားရေးမှူးချုပ်အား ယမန်နေ့က  သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။မြန်မာသံရုံး၊ စင်ကာပူမြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဒေါက်တာဇော်မင်းအောင် သည်  iLGiardino, Botanic Gardens ၌ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဌာန၊ ညွှန်ကြားရေးမှူးချုပ် Ms. ZHOU Suli မှ တည်ခင်းဧည့်ခံသော အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။မြန်မာ-စင်ကာပူ နှစ်နိုင်ငံဆက်ဆံရေး၊ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာသံရုံး၊ စင်ကာပူမြို့အကြား ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အလားအလာများ၊ အာဆီယံအတွင်း ပူးပေါင်းဆောင်ရွက်သွားရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

news-view-count-icon

4