back

မကွေးတိုင်းရှိ ဆီထွက်သီးနှံအထူးဇုန် (၂) ဧရိယာတွင် ဆီထွက်သီးနှံ ဧကပေါင်း ၃၅၀,၀၀၀ ကျော် စိုက်ပျိုးမည်

May 17 • 3:52 AM

breaking-news

Myanmar

Magway

cover

မကွေးတိုင်းရှိ ဆီထွက်သီးနှံအထူးဇုန် (၂) ဧရိယာတွင် ဆီထွက်သီးနှံ ဧကပေါင်း ၃၅၀,၀၀၀ ကျော် စိုက်ပျိုးမည်

မကွေးတိုင်းဒေသကြီးရှိ ဆီထွက်သီးနှံအထူးဇုန် (၂) ဧရိယာတွင် ၂၀၂၆-၂၀၂၇ စိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဧကပေါင်း ၃၅၀,၀၀၀ ကျော်ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မင်းဘူးခရ...

မကွေးတိုင်းဒေသကြီးရှိ ဆီထွက်သီးနှံအထူးဇုန် (၂) ဧရိယာတွင် ၂၀၂၆-၂၀၂၇ စိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဧကပေါင်း ၃၅၀,၀၀၀ ကျော်ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။စီမံချက်အရ ဆီထွက်သီးနှံအထူးဇုန်(၂)ဧရိယာတွင် ပါဝင်စိုက်ပျိုးမည့် မြို့နယ်များအနေဖြင့် မင်းဘူးခရိုင်အတွင်းမှ မင်းဘူး(စကု)၊ ပွင့်ဖြူ၊ စလင်း၊ စေတုတ္တရာနှင့် ငဖဲမြို့နယ်၊ သရက်ခရိုင်အတွင်းမှ သရက်၊ မင်းတုန်း၊ မင်းလှနှင့် ကံမမြို့နယ်တို့ ဖြစ်တယ်လို့ သိရပါတယ်။အဆိုပါ ၉ မြို့နယ်တွင် ဆီထွက်သီးနှံများ အဖြစ် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများကို စိုက်ဧက စုစုပေါင်း ၃၅၅,၆၀၀ စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

news-view-count-icon

31