စင်ကာပူနိုင်ငံအတွင်း ယာဉ်စည်းကမ်းဖောက်ဖျက်မှု၊ ပါကင်ဒဏ်ငွေနှင့် ယာဉ်မီးခိုးငွေ့ထုတ်လွှတ်မှုဆိုင်ရာ ဒဏ်ငွေများ ပေးဆောင်ရန် ကျန်ရှိနေသည့် နိုင်ငံခြားလိုင်စင်ရ မော်တော်ယာဉ်များကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့မှစတင်ကာ ယာဉ်ဝင်ခွင့်ပါမစ် (Vehicle Entry Permit - VEP) လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းတို့ကို ငြင်းပယ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း စင်ကာပူပြည်ထဲရေးဝန်ကြီးဌာန (MHA) နှင့် ကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (LTA) တို့က ၂၀၂၆ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ပူးတွဲထုတ်ပြန်လိုက်ပြီး လက်ရှိကျင့်သုံးနေသော လုပ်ထုံးလုပ်နည်းအရ ဒဏ်ငွေမဆောင်ထားသည့် နိုင်ငံခြားယာဉ်များကို စင်ကာပူနယ်စပ်ဂိတ်များသို့ ရောက်ရှိလာမှသာ ဝင်ခွင့်ပိတ်ပင်လေ့ရှိသော်လည်း နိုဝင်ဘာလမှစ၍ အွန်လိုင်းမှ VEP လျှောက်ထားကတည်းက စိစစ်ပိတ်ပင်သွားမည့် စနစ်သို့ ပြောင်းလဲမည်ဖြစ်ကြောင်း သိရကာ နိုင်ငံခြားသား ယာဉ်မောင်းများအနေဖြင့် VEP မလျှောက်ထားမီ သို့မဟုတ် သက်တမ်းမတိုးမီ မိမိတို့ယာဉ်တွင် ပေးဆောင်ရန်ကျန်ရှိသည့် ဒဏ်ငွေများ ရှိ၊ မရှိကို AXS ဝက်ဘ်ဆိုက် (www.axs.com.sg) တွင် ကြိုတင်စစ်ဆေးပြီး အပြည့်အဝပေးဆောင်ကြရန် တိုက်တွန်းထားသည့်အပြင် ဒဏ်ငွေပေးဆောင်မှုစနစ်များ အပ်ဒိတ်ဖြစ်ရန် ၂ ရက်ခန့် ကြာမြင့်နိုင်သဖြင့် စင်ကာပူသို့ မလာရောက်မီ အနည်းဆုံး ရက်သတ္တပတ် ၂ ပတ်ခန့် ကြိုတင်၍ VEP လျှောက်ထားရန် အကြံပြုထားကြောင်းနှင့် အလားတူပင် မလေးရှားနိုင်ငံတွင် ဒဏ်ငွေမဆောင်ရသေးသော စင်ကာပူယာဉ်မောင်းများကိုလည်း မလေးရှားသို့မဝင်မီ ဒဏ်ငွေများ ကြိုတင်ပေးဆောင်ကြရန် သတိပေးထားကြောင်း သိရပါသည်။
စင်ကာပူတွင် ဒဏ်ငွေမဆောင်ထားသော နိုင်ငံခြားလိုင်စင်ရယာဉ်များကို နိုဝင်ဘာ ၂ ရက်မှစတင်၍ VEP ခွင့်ပြုချက် ပိတ်ပင်မည်ဖြစ်
May 17 • 2:59 AM
Singapore
Local News
Share
| 16 | 0 | 0 | 0 |


