ရန်ကုန် ကြက်ဘဲဈေးသို့ တစ်ရက်လျှင် ကြက်အဝင် ပိဿာ ၈၀,၀၀၀ ခန့် ဝင်ရောက်လျက်ရှိ

May 17 • 2:58 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန် ကြက်ဘဲဈေးသို့ တစ်ရက်လျှင် ကြက်အဝင် ပိဿာ ၈၀,၀၀၀ ခန့် ဝင်ရောက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်၊ ဘဲဈေးသို့ တစ်ရက်လျှင် ကြက်အဝင် ပိဿာ ၈၀,၀၀၀ ခန့် ဝင်ရောက်နေပြီး အများစုမှာ အသားတိုးကြက်များဖြစ်ကြောင်း က...

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်၊ ဘဲဈေးသို့ တစ်ရက်လျှင် ကြက်အဝင် ပိဿာ ၈၀,၀၀၀ ခန့် ဝင်ရောက်နေပြီး အများစုမှာ အသားတိုးကြက်များဖြစ်ကြောင်း ကြက်၊ ဘဲဈေးမှ ကြက်၊ ဘဲ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူအချို့၏ ပြောပြချက်အရ သိရပါတယ်။နေ့စဉ် ကြက်ဝင်ရောက်မှုများတွင်လည်း အသားတိုးကြက်၊ ဒံပေါက်ကြက်၊ ဥစားကြက်များနှင့် ဥနှုန်းကျလာ၍ ရောင်းထုတ်ကြသည့် ဥတုံးကြက်ခေါ် ကြက်နီမနှင့် မြန်မာကြက်တို့ ဖြစ်ပြီး အသားတိုးကြက်ဝင်ရောက်မှုက အများဆုံးဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ကြက်၊ ဘဲဈေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မွေးမြူရေးခြံများမှ ကြက်များဝင်ရောက်ပြီး ထိုမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့သို့ ပြန်လည် ဖြန့်ဖြူးရောင်းချနေတာပါ။ပြည်တွင်းမွေးမြူမှုအနေဖြင့် အသားတိုးကြက်ကို အများဆုံးမွေးမြူနေပြီး ဒံပေါက်ကြက်၊ ဥစားကြက်နှင့် ဥတုံးကြက်ခေါ် ကြက်နီမတို့ကိုလည်း မွေးမြူကြသလို မွေးမြူပုံနှင့် ဈေးကွက်အနေအထား တူညီမှုမရှိသည့် တိုင်းရင်းကြက်ခေါ် မြန်မာကြက်များကိုလည်း အသင့်အတင့် မွေးမြူကြကြောင်း သိရပါတယ်။

news-view-count-icon

13